ၾကားသိသမွ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် ထိန်းသိမ်းခံထားရသည့်အလှမယ်ဟန်လေး ကနေဒါနိုင်ငံ ရောက်ပြီ

အလှမယ်ဟန်လေး ကနေဒါနိုင်ငံ ရောက်ပြီ

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၂

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် ထိန်းသိမ်းခံထားရသည့် Miss Grand International အလှမယ်ဟန်လေး ကနေဒါနိုင်ငံသို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကနေဒါနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိခဲ့သည့် အလှမယ်ဟန်လေးသည် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို စက်တင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အလှမယ်ဟန်လေးကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် “ဟန်လေးကို ချစ်ခင်ပေးကြတဲ့ ပရိသတ်တယောက်ချင်းစီနဲ့ ပြည်သူတယောက်ချင်းစီက ပို့သတဲ့ မေတ္တာတွေကြောင့် ဟန်လေး ဒီနေ့ Canada နိုင်ငံကို လုံခြုံဘေးကင်းစွာနဲ့ ရောက်ရှိခဲ့ပါပြီ။ စိတ်ပူပေးကြပြီး ချစ်ခင်ပေးကြတဲ့ ချစ်ရတဲ့ ပရိသတ်တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်းပြောပါရစေရှင်” ဟု အသိပေး ပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင် အလှမယ်ဟန်လေးသည် ဗီဇာကိစ္စအတွက် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက်၌ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ပြန်လည် ရောက်ရှိလာချိန်၌ ထိန်းသိမ်းခံလိုက်ရသည်။

ထိုသို့ ထိန်းသိမ်းခံရပြီးနောက် အကူအညီပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) သို့ တောင်းဆိုခဲ့အပြီး ၎င်းအား ထိုင်းနိုင်ငံက မြန်မာပြည်ဘက်သို့ ပြန်လည်ပို့ဆောင်ခြင်း မပြုခဲ့သလို UNHCR အကူအညီဖြင့်ပင် ကနေဒါနိုင်ငံတွင် ခိုလှုံခွင့်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။