ၾကားသိသမွ်

ခရီးသည်များ၏ အချက်အလက် အပြည့်အစုံရယူပြီးမှသာ ကားလက်မှတ်ရောင်းချရန် စကစ ညွှန်ကြား

ခရီးသည်များ၏ အချက်အလက် အပြည့်အစုံရယူပြီးမှသာ ကားလက်မှတ်ရောင်းချရန် စကစ ညွှန်ကြား

(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးသို့ ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ၏ အချက်အလက်အပြည့်အစုံ ရယူပြီးမှသာ ကားလက်မှတ်ရောင်းချရန် စစ်ကောင်စီက ညွှန်ကြားလိုက်သည်။

မဇ္ဈိမမှရရှိထားသော အဆိုပါညွှန်ကြားချက်ကို နေပြည်တော်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ရုံးချုပ်မှ ဩဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနရုံးချုပ်၏ ညွှန်ကြားစာတွင် ခရီးသည်ပို့ဆောင်ရေးယာဉ်အသင်းများမှ ခရီးသွားလက်မှတ်ရောင်းချရာတွင် လိုက်နာရမည့် အချက်သုံးချက်ကို ဖော်ပြထားသည်။

အဆိုပါအချက်များမှာ ခရီးသွားလက်မှတ်ရောင်းချရာတွင် အဝေးပြေးကားဝင်းအသီးသီးမှ လိုက်ပါမည့် ခရီးသည်များအပြင် လမ်းခရီးတွင်လိုက်ပါမည့် ခရီးသည်များ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုရယူထားရန်နှင့် ထိုင်ခုံနေရာချထားမှုကိုပါ မှတ်တမ်းရယူထားရန်ပါဝင်သည်။

ထို့အပြင် ခရီးစဉ်စတင်မထွက်ခွာမီ မော်တော်ယာဉ်ပေါ်သို့ ခရီးသည်တင်ဆောင်ရာတွင်လည်း ခရီးသွားလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို ထိုင်ခုံနေရာချထားမှုနှင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ ခရီးသည်များကို တင်ဆောင်ကြရန်လည်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

“ အခုလို တောင်းတယ်ဆိုတာက သိပ်တော့အထူးအဆန်းမဟုတ်ပါဘူး။ အရင်ကလည်း တောင်းနေတာပဲလေ။အခုတော့ သူတို့ကကြောက်လို့ စာတွေဘာတွေနဲ့တောင် တကူးတက ထုတ်ပြီး ပြည်သူတွေကိုထွက်ပေါက်မရှိအောင် ပိုဖိချင်တဲ့သဘောမျိုးပါပဲ ” ဟု စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း အလုပ်ကိစ္စဖြင့် ပုံမှန်ခရီးထွက်နေရသူ တစ်ဦးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အဝေးပြေးလမ်းမကြီးများတွင် စစ်ကောင်စီတပ်မှ လုံခြုံရေးများချကာ စစ်ဆေးမှုများတင်းကျပ်စွာ ပြုလုပ်နေနေခြင်းလည်းဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ရန်ကုန်-ရေဦး ပြေးဆွဲနေသည့် သစ္စာဦးခရီးသည်တင်ယာဉ်ကို မုံရွာမြို့နယ်၊ ရေအိုးစင်ကျေးရွာအနီးတွင် စစ်အုပ်စုက စစ်ဆေးရာမှ M4 သေနတ်အပါအဝင် လက်နက်ပစ္စည်းများဖမ်းဆီးရမိခဲ့သည့်အတွက် ယာဉ်မောင်းနှင့် စပယ်ယာအပါအဝင် ကားဂိတ်မှစာရေး နှစ်ဦးကိုပါ စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့သည်။ #Mizzima

ခရီးသည္မ်ား၏ အခ်က္အလက္ အျပည့္အစုံရယူၿပီးမွသာ ကားလက္မွတ္ေရာင္းခ်ရန္ စကစ ၫႊန္ၾကား

(မဇၥ်ိမ) ။ ။ ျမန္မာႏိုင္ငံအတြင္းရွိ ေဒသအသီးသီးသို႔ ေျပးဆြဲေနသည့္ အေဝးေျပးေမာ္ေတာ္ယာဥ္လိုင္းမ်ားအေနျဖင့္ ခရီးသည္မ်ား၏ အခ်က္အလက္အျပည့္အစုံ ရယူၿပီးမွသာ ကားလက္မွတ္ေရာင္းခ်ရန္ စစ္ေကာင္စီက ၫႊန္ၾကားလိုက္သည္။

မဇၩိမမွရရွိထားေသာ အဆိုပါၫႊန္ၾကားခ်က္ကို ေနျပည္ေတာ္ရွိ စစ္ေကာင္စီတပ္လက္ေအာက္ခံ ပို႔ေဆာင္ေရး စီမံကိန္းဦးစီးဌာန ႐ုံးခ်ဳပ္မွ ဩဂုတ္လ ၁၈ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ထားျခင္း ျဖစ္သည္။

စစ္ေကာင္စီလက္ေအာက္ခံ ပို႔ေဆာင္ေရး စီမံကိန္းဦးစီးဌာန႐ုံးခ်ဳပ္၏ ၫႊန္ၾကားစာတြင္ ခရီးသည္ပို႔ေဆာင္ေရးယာဥ္အသင္းမ်ားမွ ခရီးသြားလက္မွတ္ေရာင္းခ်ရာတြင္ လိုက္နာရမည့္ အခ်က္သုံးခ်က္ကို ေဖာ္ျပထားသည္။

အဆိုပါအခ်က္မ်ားမွာ ခရီးသြားလက္မွတ္ေရာင္းခ်ရာတြင္ အေဝးေျပးကားဝင္းအသီးသီးမွ လိုက္ပါမည့္ ခရီးသည္မ်ားအျပင္ လမ္းခရီးတြင္လိုက္ပါမည့္ ခရီးသည္မ်ား၏ အမည္၊ ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္၊ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္မ်ားကိုရယူထားရန္ႏွင့္ ထိုင္ခုံေနရာခ်ထားမႈကိုပါ မွတ္တမ္းရယူထားရန္ပါဝင္သည္။

ထို႔အျပင္ ခရီးစဥ္စတင္မထြက္ခြာမီ ေမာ္ေတာ္ယာဥ္ေပၚသို႔ ခရီးသည္တင္ေဆာင္ရာတြင္လည္း ခရီးသြားလက္မွတ္ႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္တို႔ကို ထိုင္ခုံေနရာခ်ထားမႈႏွင့္ တိုက္ဆိုင္ စစ္ေဆးၿပီးမွသာ ခရီးသည္မ်ားကို တင္ေဆာင္ၾကရန္လည္း ၫႊန္ၾကားခ်က္တြင္ ေဖာ္ျပထားသည္။

“ အခုလို ေတာင္းတယ္ဆိုတာက သိပ္ေတာ့အထူးအဆန္းမဟုတ္ပါဘူး။ အရင္ကလည္း ေတာင္းေနတာပဲေလ။အခုေတာ့ သူတို႔ကေၾကာက္လို႔ စာေတြဘာေတြနဲ႔ေတာင္ တကူးတက ထုတ္ၿပီး ျပည္သူေတြကိုထြက္ေပါက္မရွိေအာင္ ပိုဖိခ်င္တဲ့သေဘာမ်ိဳးပါပဲ ” ဟု စစ္တပ္အာဏာသိမ္းၿပီးသည့္ေနာက္ပိုင္း အလုပ္ကိစၥျဖင့္ ပုံမွန္ခရီးထြက္ေနရသူ တစ္ဦးက ေျပာသည္။

ျမန္မာတစ္ႏိုင္ငံလုံးရွိ အေဝးေျပးလမ္းမႀကီးမ်ားတြင္ စစ္ေကာင္စီတပ္မွ လုံၿခဳံေရးမ်ားခ်ကာ စစ္ေဆးမႈမ်ားတင္းက်ပ္စြာ ျပဳလုပ္ေနေနျခင္းလည္းျဖစ္သည္။

ယမန္ေန႔ ဩဂုတ္လ ၁၉ ရက္ေန႔ကလည္း ရန္ကုန္-ေရဦး ေျပးဆြဲေနသည့္ သစၥာဦးခရီးသည္တင္ယာဥ္ကို မုံ႐ြာၿမိဳ႕နယ္၊ ေရအိုးစင္ေက်း႐ြာအနီးတြင္ စစ္အုပ္စုက စစ္ေဆးရာမွ M4 ေသနတ္အပါအဝင္ လက္နက္ပစၥည္းမ်ားဖမ္းဆီးရမိခဲ့သည့္အတြက္ ယာဥ္ေမာင္းႏွင့္ စပယ္ယာအပါအဝင္ ကားဂိတ္မွစာေရး ႏွစ္ဦးကိုပါ စစ္ေကာင္စီတပ္က ဖမ္းဆီးထားခဲ့သည္။ #Mizzima