ၾကားသိသမွ်

ရောက်ရာအရပ်မှာ သစ်စေ့လို ကျင့်ပါတယ် ဆိုတဲ့ဒါရိုက်တာကိုပေါက်

သစ်စေ့လိုကျင့်သူ
—————————

ကိုယ်သင်ယူတတ်မြောက်ခဲ့ရတဲ့ ပညာတွေက

တွင်ခုံ၊ပန်းချီနဲ့ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ။

လွယ်လွယ်လေးရခဲ့တာ တစ်ခုမှမရှိခဲ့ဘူး။

ဆရာဆီက

သင်ခန်းစာတစ်ခုတက်ဖို့ လ နဲ့ချီပြီးကြာခဲ့တယ်။

ဆရာပေါင်းများစွာဆီမှာ

ကျားကုတ်ကျားခဲ ကြိုးစားခဲ့တော့

နေရာတစ်ခုရလာခဲ့တယ်။

ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို ဆရာတိုင်းသိတယ်။

ဆယ်နှစ်ဆယ်နွေ စုဆောင်းသင်ယူခဲ့သမျှတွေကို

စု တု ပြု ပြီး ပြည်သူအတွက်၊ကိုယ့်အရိပ်ကိုမှီခိုခဲ့ကြတဲ့

တပည့်တပမ်း လုပ်ဖော်ကိုင်ဖက်တွေအတွက် ဆရာစားမချန် သိခဲ့သလောက် တတ်ခဲ့သလောက်ပြန်ဝေမျှခဲ့တယ်ဆိုတာ ကနော့အရိပ်မှာ

ကနော့ရဲ့သစ်ပင်မှာနာခိုခဲ့သူ၊ကျနော့သစ်ပင်ရဲ့ အသီးအပွင့်တွေကို ပန်ဆင်စားသုံးခဲ့သူတွေ အကုန်သိပါလိမ့်မယ်။

တစ်ခါတစ်လေ အလကားပေးတော့ ပညာက တန်ဖိုးမရှ်ိသလိုဖြစ်တတ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။

ကျနာ်က ရောက်ရာအရပ်မှာ သစ်စေ့လို ကျင့်ပါတယ်။

ရောက်ရာအရပ် ကျတဲ့ရာသီမှာ ကိုယ်တိုင်အပင်ပေါက်နိုင်ဖို့ပါ။ဘယ်နေရာ ဘယ်ဘဝ ရောက်ရောက် ဘယ်အသက်အရွယ်ဖြစ်ဖြစ် ကိုယ့်

အားကိုယ်ကိုးပြီး ကိုယ်စွမ်းကိုယ်စ ကိုယ့်အတတ်ပညာ ကိုယ့်ခွန်အားနဲ့ရပ်တည်တယ်။

ကျရောက်လာတဲ့ လောကဓံ ကိုလည်း ဘယ်တုန်းကမှမမှုခဲ့ဘူး။

ကိုယ်က သူများဆီက ယူရမှာထက်

ကိုယ်ကပဲ ပေးချင်တဲ့သူပါ။

ကြုံဖူးတဲ့သူတွေဆီကနေ

အခွင့်အရေးတွေ အများကြီးယူခဲ့ဖူးသလား။

ပေးခဲ့သလား။

ကြုံခဲ့ ဆုံခဲ့ဖူးသူတွေ သိပါလိမ့်မယ်။

ခြုံငုံပြီးပြောရရင်

ကျနော်သည် ရောက်ရာအရပ်မှာ ပေးဆပ်ခြင်းတွေနဲ့

ရပ်တည်နိုင်ဖို့ကြိုးစားတယ်။

အခု တော်လှန်ရေးအတွက်ပေးနိုင်သလောက်ပေးခဲ့တယ်။ဘဝ ငွေကြေး ပိုင်ဆိုင်မှုနဲ့ အနာဂတ်တွေ။

နောက်ထပ်ဘာထပ်ပေးရအုံးမလဲ။

အဆင်သင့်ပါဘဲ။

စေတနာတွေကို လူလိုသိတတ်ဖို့လေးပဲ လိုချင်တယ်။

ဒီလောက်ပါပဲ။

ကိုပေါက်
မြန်မာပြည်အစွန်အဖျားတစ်နေရာ

(ကျနော်အဆင်ပြေတယ်
ခင်ဗျားတို့အဆင်မပြေမှာပဲစိုးတာ)
၂၁.၈.၂၀၂၂

သစ္ေစ့လိုက်င့္သူ
—————————

ကိုယ္သင္ယူတတ္ေျမာက္ခဲ့ရတဲ့ ပညာေတြက

တြင္ခုံ၊ပန္းခ်ီနဲ႔႐ုပ္ရွင္သ႐ုပ္ေဆာင္ဒါ႐ိုက္တာ။

လြယ္လြယ္ေလးရခဲ့တာ တစ္ခုမွမရွိခဲ့ဘူး။

ဆရာဆီက
သင္ခန္းစာတစ္ခုတက္ဖို႔ လ နဲ႔ခ်ီၿပီးၾကာခဲ့တယ္။

ဆရာေပါင္းမ်ားစြာဆီမွာ
က်ားကုတ္က်ားခဲ ႀကိဳးစားခဲ့ေတာ့
ေနရာတစ္ခုရလာခဲ့တယ္။

ကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈကို ဆရာတိုင္းသိတယ္။

ဆယ္ႏွစ္ဆယ္ေႏြ စုေဆာင္းသင္ယူခဲ့သမွ်ေတြကို
စု တု ျပဳ ၿပီး ျပည္သူအတြက္၊ကိုယ့္အရိပ္ကိုမွီခိုခဲ့ၾကတဲ့

တပည့္တပမ္း လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ ဆရာစားမခ်န္ သိခဲ့သေလာက္ တတ္ခဲ့သေလာက္ျပန္ေဝမွ်ခဲ့တယ္ဆိုတာ ကေနာ့အရိပ္မွာ ကေနာ့ရဲ႕သစ္ပင္မွာနာခိုခဲ့သူ၊က်ေနာ့သစ္ပင္ရဲ႕ အသီးအပြင့္ေတြကို ပန္ဆင္စားသုံးခဲ့သူေတြ အကုန္သိပါလိမ့္မယ္။

တစ္ခါတစ္ေလ အလကားေပးေတာ့ ပညာက တန္ဖိုးမရွ္ိသလိုျဖစ္တတ္တယ္။
ဘယ္လိုပဲျဖစ္ျဖစ္ပါ။

က်နာ္က ေရာက္ရာအရပ္မွာ သစ္ေစ့လို က်င့္ပါတယ္။
ေရာက္ရာအရပ္ က်တဲ့ရာသီမွာ ကိုယ္တိုင္အပင္ေပါက္ႏိုင္ဖို႔ပါ။ဘယ္ေနရာ ဘယ္ဘဝ ေရာက္ေရာက္ ဘယ္အသက္အ႐ြယ္ျဖစ္ျဖစ္ ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ္စြမ္းကိုယ္စ ကိုယ့္အတတ္ပညာ ကိုယ့္ခြန္အားနဲ႔ရပ္တည္တယ္။

က်ေရာက္လာတဲ့ ေလာကဓံ ကိုလည္း ဘယ္တုန္းကမွမမႈခဲ့ဘူး။

ကိုယ္က သူမ်ားဆီက ယူရမွာထက္
ကိုယ္ကပဲ ေပးခ်င္တဲ့သူပါ။

ႀကဳံဖူးတဲ့သူေတြဆီကေန
အခြင့္အေရးေတြ အမ်ားႀကီးယူခဲ့ဖူးသလား။

ေပးခဲ့သလား။
ႀကဳံခဲ့ ဆုံခဲ့ဖူးသူေတြ သိပါလိမ့္မယ္။

ၿခဳံငုံၿပီးေျပာရရင္
က်ေနာ္သည္ ေရာက္ရာအရပ္မွာ ေပးဆပ္ျခင္းေတြနဲ႔
ရပ္တည္ႏိုင္ဖို႔ႀကိဳးစားတယ္။

အခု ေတာ္လွန္ေရးအတြက္ေပးႏိုင္သေလာက္ေပးခဲ့တယ္။ဘဝ ေငြေၾကး ပိုင္ဆိုင္မႈနဲ႔ အနာဂတ္ေတြ။
ေနာက္ထပ္ဘာထပ္ေပးရအုံးမလဲ။

အဆင္သင့္ပါဘဲ။
ေစတနာေတြကို လူလိုသိတတ္ဖို႔ေလးပဲ လိုခ်င္တယ္။

ဒီေလာက္ပါပဲ။

ကိုေပါက္
ျမန္မာျပည္အစြန္အဖ်ားတစ္ေနရာ

(က်ေနာ္အဆင္ေျပတယ္
ခင္ဗ်ားတို႔အဆင္မေျပမွာပဲစိုးတာ)
၂၁.၈.၂၀၂၂