ၾကားသိသမွ်

ကလေးမြို့တွင် ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ကို စ စ်ကောင်စီက ဆိုင်ကယ်အစီး ၁၂၀ ပေး

ကလေးမြို့တွင် ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ကို စစ်ကောင်စီက ဆိုင်ကယ်အစီး ၁၂၀ ပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့ကို စစ်ကောင်စီတပ်က ဆိုင်ကယ်အစီး ၁၂၀ ထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ကလေးမြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) အောင်ဆန်းခန်းမမှာ ဩဂုတ် ၁၉ ရက်က အခမ်းအနားနဲ့ပေးခဲ့တာဖြစ်ပြီး ပေးတဲ့ဆိုင်ကယ်တွေကတော့ 125/110(ဒေသအခေါ်ရုပ်ဆိုး) ဆိုင်ကယ်အမျိုးအစားဖြစ်ကာ တောလမ်းရွာလမ်းတွေမှာပါ မောင်းနှင်အသုံးပြုနိုင်မယ့် ဆိုင်ကယ်တွေ ဖြစ်ပါတယ်။

“ဆိုင်ကယ်တွေပေးလိုက်ပြီဆိုကတည်းက သူတို့အရပ်ဝတ်တွေနဲ့ မြို့ထဲသွားတာတွေ ရွာတွေကိုအဝင်အထွက်လုပ်တာတွေ၊ သူတို့အရပ်ဝတ်တွေနဲ့လှည့်ဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီဆိုင်ကယ်တွေမှာ သူတို့တွေ လတ်တလောစစ်ကြောင်းထိုးတုန်းက ကျနော်တို့ စခန်းက ဆိုင်ကယ်တွေလည်းပါတယ်” လို့ ကလေး PDF တပ်ဖွဲ့ဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေကိုယ်စား အဖွဲ့ခေါင်းဆောင် သုံးယောက်ကို ဆိုင်ကယ်တွေပေးအပ်ခဲ့ပြီး တယောက်ချင်း အခက်အခဲတွေနဲ့ နယ်မြေဒေသအခြေအနေကို တင်ပြခဲ့ရာမှာ တင်ပြချက်တွေ အပေါ်စစ်ကောင်စီဘက်က တာဝန်ရှိသူတွေကဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း စစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာ ထုတ်ပြန်ထားပါတယ်။ DVB

Zawgyi

ကေလးၿမိဳ႕တြင္ ျပည္သူ႔စစ္(ပ်ဴေစာထီး)အဖြဲ႕ကို စစ္ေကာင္စီက ဆိုင္ကယ္အစီး ၁၂၀ ေပး

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္မွာ ျပည္သူ႔စစ္အမည္ခံ ပ်ဴေစာထီးအဖြဲ႕ကို စစ္ေကာင္စီတပ္က ဆိုင္ကယ္အစီး ၁၂၀ ေထာက္ပံ့ခဲ့တယ္လို႔ စစ္ေကာင္စီဝါဒျဖန႔္သတင္းမီဒီယာေတြမွာ ေရးသားေဖာ္ျပခ်က္အရ သိရပါတယ္။

ကေလးၿမိဳ႕၊ ေဒသကြပ္ကဲေရးစစ္ဌာနခ်ဳပ္(ဒကစ) ေအာင္ဆန္းခန္းမမွာ ဩဂုတ္ ၁၉ ရက္က အခမ္းအနားနဲ႔ေပးခဲ့တာျဖစ္ၿပီး ေပးတဲ့ဆိုင္ကယ္ေတြကေတာ့ 125/110(ေဒသအေခၚ႐ုပ္ဆိုး) ဆိုင္ကယ္အမ်ိဳးအစားျဖစ္ကာ ေတာလမ္း႐ြာလမ္းေတြမွာပါ ေမာင္းႏွင္အသုံးျပဳႏိုင္မယ့္ ဆိုင္ကယ္ေတြ ျဖစ္ပါတယ္။

“ဆိုင္ကယ္ေတြေပးလိုက္ၿပီဆိုကတည္းက သူတို႔အရပ္ဝတ္ေတြနဲ႔ ၿမိဳ႕ထဲသြားတာေတြ ႐ြာေတြကိုအဝင္အထြက္လုပ္တာေတြ၊ သူတို႔အရပ္ဝတ္ေတြနဲ႔လွည့္ဖို႔လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ အဲဒီဆိုင္ကယ္ေတြမွာ သူတို႔ေတြ လတ္တေလာစစ္ေၾကာင္းထိုးတုန္းက က်ေနာ္တို႔ စခန္းက ဆိုင္ကယ္ေတြလည္းပါတယ္” လို႔ ကေလး PDF တပ္ဖြဲ႕ဝင္တေယာက္က ဒီဗြီဘီကို ေျပာပါတယ္။

ျပည္သူ႔စစ္အဖြဲ႕ဝင္ေတြကိုယ္စား အဖြဲ႕ေခါင္းေဆာင္ သုံးေယာက္ကို ဆိုင္ကယ္ေတြေပးအပ္ခဲ့ၿပီး တေယာက္ခ်င္း အခက္အခဲေတြနဲ႔ နယ္ေျမေဒသအေျခအေနကို တင္ျပခဲ့ရာမွာ တင္ျပခ်က္ေတြ အေပၚစစ္ေကာင္စီဘက္က တာဝန္ရွိသူေတြကေျဖရွင္းေဆာင္႐ြက္ေပးခဲ့တယ္လို႔လည္း စစ္ေကာင္စီလက္ေအာက္ခံမီဒီယာေတြမွာ ထုတ္ျပန္ထားပါတယ္။ DVB