ၾကားသိသမွ်

မကွေးတွင်ဖမ်းဆီးရမိပြီး သေဆုံးသွားသော ဗိုလ်ဆန်းဝင်းအောင်မှာ စစ်ထောက် လှမ်းရေးအတွက် အရေးပါသူဖြစ်

မကွေးတွင် ဖမ်းဆီးရမိပြီး သေဆုံးသွားသော ဗိုလ်ဆန်းဝင်းအောင်မှာ နေပြည်တော် စစ်တပ် ထောက် လှမ်းရေးအတွက် အရေးပါသူဖြစ်ပြီး ဒရုန်းနှင့် GPS ၊ Spy ပစ္စည်းများနှင့်အသုံးပြုနည်း ပို့ချသူသင်တန်းဆရာဖြစ်

ရန်ကုန်၊ ဩဂုတ် ၂၁

မကွေး၊ မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဩဂုတ်လ ၂၀ ရက်နေ့ ဖမ်းဆီးရမိပြီး သေဆုံးသွားသော ဗိုလ်ဆန်းဝင်းအောင်သည် နေပြည်တော် စစ်ကောင်စီ၏ ထောက် လှမ်းရေးအတွက် အရေးပါသူဖြစ်ပြီး ဒရုန်းနှင့် GPS သင်တန်းများပို့ချသူ၊ Spy ပစ္စည်းများနှင့်သင်တန်းပို့ချသူဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့ မကွေးတိုင်းတွင် စစ်ကောင်စီက စေလွှတ်လိုက်သော စစ်ထောက်လှမ်း ရေး ဗိုလ်ဆန်းဝင်းအောင် ကို ကို မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးကြောင်း ယင်းစစ်ထောက်လှမ်းရေးထံမှ သိမ်းဆည်းရမိသောပစ္စည်း

များမှာ စာရွက်စာတမ်းများ၊ Gopro Hero 9 ကင်မရာ (၁)လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသွင်းကြိုးမျိုးစုံ၊

ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နှင့် ကင်မရာစပ်ဆက်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့ကြောင်း၊ ဗိုလ်ဆန်းဝင်းအောင်သည် ဖမ်းဆီးရမိစဉ် ခုခံရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ဗိုလ်ဆန်းဝင်းအောင်သည် ကြာအင်းဆိပ်ကြီး၊ အမှတ် ၃၂ ခြေလျင်တပ်ရင်းမှ ဖြစ်ပြီး ထောက်လှမ်းရေး ၊ ဒရုန်းနှင့် စပိုင်ပစ္စည်းများ အသုံးပြုနည်းသင်တန်းများပို့ချနေသူဖြစ်ကြောင်း၊ Thakhingyi San Vlog အမည်ဖြင့် လူမှုကွန်ရက်တွင် Page ဖွင့်ကာ ဒရုန်း၊ စပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ကင်မရာများ ရောင်းချခြင်း များလုပ်ဆောင် နေသူဖြစ်ကြောင်း၊ အသုံးပြုနည်းများကို သင်တန်းပေးနေသူဖြစ်ကြောင်း၊ ၎င်းက စစ်တပ်မှ အရာရှိဖြစ်သည်ကို ဖုံးကွယ်ထားခဲ့ကြောင်း သိရှိရသည်။

၎င်းထံမှ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိသော ပစ္စည်းများမှာ Thakhingyi San Vlogတွင် အသုံးပြုနည်းများဖြင့် ပြန်လည် မျှဝေထားသည့် ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။

“သူက ဒရုန်းတွေ၊ Gopro တွေ ရောင်းတယ်။ သူက နေပြည်တော်၊ စစ်ကောင်စီအတွက် ထောက် လှမ်းရေးနဲ့နည်းပညာအတွက် အရာရောက်နေပြီ။ နေပြည်တော် အထိ Mission တွေသွားရတယ်။ မိတဲ့ပစ္စည်းတွေက သူတင်ထားတာတွေနဲ့ တူနေတာရယ် နာမည်အရင်းတူနေတာရယ် ကြာအင်းဆိပ်ကြီးဆိုတာ တူနေတာရယ်ကြောင့်ပါ။ သူက စစ်တပ်အရာရှိဆိုတာ ဖုံးကွယ်ထားပြီး Thakhingyi San Vlog လုပ်ထားတယ်။ နည်းပညာမျှဝေသလိုလိုနဲ့ လူတွေကို ဆွဲဆောင်တယ်။ စိတ်ပူတာက သူ့ဆီက Drone တွေ PDF တွေ ဝယ်မိတာမျိုးရှိရင် GPS တွေဘာတွေထည့်လိုက်မှာစိုးရိမ်ရတယ်။ သူက Drone ရဲ့Gps စနစ်တိကျပုံတွေအလုပ်လုပ်ပုံတွေကို သင်တန်းပို့ချနေတာ။ အတော်အန္တရာယ်ကြီးတဲ့သူပါ။ သူက နေပြည်တော်အထိ အစီအရင်ခံရတာတွေဘာတွေရှိတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

Zawgyi

မေကြးတြင္ ဖမ္းဆီးရမိၿပီး ေသဆုံးသြားေသာ ဗိုလ္ဆန္းဝင္းေအာင္မွာ ေနျပည္ေတာ္ စစ္တပ္ ေထာက္ လွမ္းေရးအတြက္ အေရးပါသူျဖစ္ၿပီး ဒ႐ုန္းႏွင့္ GPS ၊ Spy ပစၥည္းမ်ားႏွင့္အသုံးျပဳနည္း ပို႔ခ်သူသင္တန္းဆရာျဖစ္

ရန္ကုန္၊ ဩဂုတ္ ၂၁

မေကြး၊ ၿမိဳင္-ပခုကၠဴလမ္းပိုင္းတြင္ ဩဂုတ္လ ၂၀ ရက္ေန႔ ဖမ္းဆီးရမိၿပီး ေသဆုံးသြားေသာ ဗိုလ္ဆန္းဝင္းေအာင္သည္ ေနျပည္ေတာ္ စစ္ေကာင္စီ၏ ေထာက္ လွမ္းေရးအတြက္ အေရးပါသူျဖစ္ၿပီး ဒ႐ုန္းႏွင့္ GPS သင္တန္းမ်ားပို႔ခ်သူ၊ Spy ပစၥည္းမ်ားႏွင့္သင္တန္းပို႔ခ်သူျဖစ္ေၾကာင္း သိရွိရသည္။

ဩဂုတ္လ ၂၀ ရက္ေန႔ မေကြးတိုင္းတြင္ စစ္ေကာင္စီက ေစလႊတ္လိုက္ေသာ စစ္ေထာက္လွမ္း ေရး ဗိုလ္ဆန္းဝင္းေအာင္ ကို ကို ၿမိဳင္-ပခုကၠဴလမ္းပိုင္းတြင္ ဖမ္းဆီးရမိၿပီး ခုခံသျဖင့္ ပစ္ခတ္ဖမ္းဆီးရာမွ ေသဆုံးေၾကာင္း ယင္းစစ္ေထာက္လွမ္းေရးထံမွ သိမ္းဆည္းရမိေသာပစၥည္းမ်ားမွာ စာ႐ြက္စာတမ္းမ်ား၊ Gopro Hero 9 ကင္မရာ (၁)လုံးႏွင့္ စပ္ဆက္ပစၥည္းမ်ား၊ 4k video camera (၁)လုံး၊ BOYA M1 မိုက္က႐ိုဖုန္း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသြင္းႀကိဳးမ်ိဳးစုံ၊ ပိုက္ဆံအိတ္ (၁)အိတ္၊ ဖုန္း (၁)လုံး ႏွင့္ ကင္မရာစပ္ဆက္ပစၥည္းမ်ား သိမ္း ဆည္းရမိခဲ့ေၾကာင္း၊ ဗိုလ္ဆန္းဝင္းေအာင္သည္ ဖမ္းဆီးရမိစဥ္ ခုခံရန္ ႀကိဳးပမ္းသျဖင့္ ပစ္ခတ္ဖမ္းဆီးရာမွ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ေသဆုံးသူ ဗိုလ္ဆန္းဝင္းေအာင္သည္ ၾကာအင္းဆိပ္ႀကီး၊ အမွတ္ ၃၂ ေျခလ်င္တပ္ရင္းမွ ျဖစ္ၿပီး ေထာက္လွမ္းေရး ၊ ဒ႐ုန္းႏွင့္ စပိုင္ပစၥည္းမ်ား အသုံးျပဳနည္းသင္တန္းမ်ားပို႔ခ်ေနသူျဖစ္ေၾကာင္း၊ Thakhingyi San Vlog အမည္ျဖင့္ လူမႈကြန္ရက္တြင္ Page ဖြင့္ကာ ဒ႐ုန္း၊ စပိုင္ပစၥည္းမ်ား ေရာင္းခ်ျခင္း၊ ကင္မရာမ်ား ေရာင္းခ်ျခင္း မ်ားလုပ္ေဆာင္ ေနသူျဖစ္ေၾကာင္း၊ အသုံးျပဳနည္းမ်ားကို သင္တန္းေပးေနသူျဖစ္ေၾကာင္း၊ ၎က စစ္တပ္မွ အရာရွိျဖစ္သည္ကို ဖုံးကြယ္ထားခဲ့ေၾကာင္း သိရွိရသည္။

၎ထံမွ ၿမိဳင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က သိမ္းဆည္းရမိေသာ ပစၥည္းမ်ားမွာ Thakhingyi San Vlogတြင္ အသုံးျပဳနည္းမ်ားျဖင့္ ျပန္လည္ မွ်ေဝထားသည့္ ပစၥည္းမ်ားျဖစ္ေၾကာင္း သိရွိရသည္။

“သူက ဒ႐ုန္းေတြ၊ Gopro ေတြ ေရာင္းတယ္။ သူက ေနျပည္ေတာ္၊ စစ္ေကာင္စီအတြက္ ေထာက္ လွမ္းေရးနဲ႔နည္းပညာအတြက္ အရာေရာက္ေနၿပီ။ ေနျပည္ေတာ္ အထိ Mission ေတြသြားရတယ္။ မိတဲ့ပစၥည္းေတြက သူတင္ထားတာေတြနဲ႔ တူေနတာရယ္ နာမည္အရင္းတူေနတာရယ္ ၾကာအင္းဆိပ္ႀကီးဆိုတာ တူေနတာရယ္ေၾကာင့္ပါ။ သူက စစ္တပ္အရာရွိဆိုတာ ဖုံးကြယ္ထားၿပီး Thakhingyi San Vlog လုပ္ထားတယ္။ နည္းပညာမွ်ေဝသလိုလိုနဲ႔ လူေတြကို ဆြဲေဆာင္တယ္။ စိတ္ပူတာက သူ႔ဆီက Drone ေတြ PDF ေတြ ဝယ္မိတာမ်ိဳးရွိရင္ GPS ေတြဘာေတြထည့္လိုက္မွာစိုးရိမ္ရတယ္။ သူက Drone ရဲ႕Gps စနစ္တိက်ပုံေတြအလုပ္လုပ္ပုံေတြကို သင္တန္းပို႔ခ်ေနတာ။ အေတာ္အႏၲရာယ္ႀကီးတဲ့သူပါ။ သူက ေနျပည္ေတာ္အထိ အစီအရင္ခံရတာေတြဘာေတြရွိတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာဆိုသည္။