ၾကားသိသမွ်

KNDF B-09 ရဲ့ ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရာထူးမြင့်စစ်ကောင်စီအပါအဝင် (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ဇွန် ၆၊ The Nation Voice

စစ်ကြောင်း (၃) ကြောင်းနဲ့ ရောက်လာတဲ့ စစ်တပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF B-09 တို့ နှစ်ရက် ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒေါပိုးစီကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဟိုဖိတ်စိုက်ကွင်းဖက်က စစ်ကြောင်းတစ်ကြောင်း၊ စုစုပေါင်း သုံးကြောင်းနဲ့ ဇွန်လ (၄) ရက်နေ့မှာ ရောက်လာတဲ့အတွက် KNDF B-09 ရဲဘော်တွေနဲ့ ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ (၅) ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီဖက်က တစ်ဖက်သတ် ရမ်းသန်း ပစ်ခတ်နေကြောင်း သိရတဲ့အတွက် နံနက် (၁၁) နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီတပ်တွေ ပုန်းခိုနေတဲ့နေရာကို ပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဖက်က အကြီးအကဲအပါအဝင် (၁၀) ဦးထက်မနည်း ထိခိုက် ဒဏ်ရာအမျာအပြားရရှိခဲ့တယ်လို့ သိရပါတယ်။