ၾကားသိသမွ်

(၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ယတြာ နဲ့ အကျိုးပေးဂဏာန်းများ

(၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ

တနင်္ဂနွေသားသမီးများ


ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်၊ ဆိုင် ကိစ္စများအောင်မြင်မည်။ ငွေကြေး နှင့်ပတ်သက်ပြီး သတိ ထားသင့်သည်။ လည်ချောင်း၊ နှာခေါင်းနှင့် ပက်သတ်သော ရောဂါခံစားရတတ်သည်။ မြေ၊ အမွေ၊ ဖုန်း ပြဿနာတတ် တတ်သည်။ ငယ်ရွယ်သူများ အချစ်ရေး ကြားလူပယောဂကြောင့် ပြဿနာတတ် တတ်သည်။ ပေါင်းသင်ပေါင်းနှိမ်၊ ပိုးသတ်ဆေးဖျန်း ခြင်းများကို ဓာတ်သင့်နံသင့် ၉၊ ၁၀ ရက်နေ့များတွင်ပြုလုပ်ပေး သင့်သည်။

ယတြာ-ဗုဒ္ဓဟူးနေ့ ညနေပိုင်း အိမ်ဘုရားမှာ ဖရောင်းတိုင် အနီ ၈ တိုင် ထွန်းပြီးဆုတောင်းလိုက်ပါ။
အကျိုးပေးသော ဂဏန်း – ၁၊ ၉

တနင်္လာသားသမီးများ


ဆိုင်၊ လယ်ယာသုံးစက် ပစ္စည်းတစ်ခုခု နှင့်ပတ်သက်၍ စိတ်သောက ရောက်ရတတ်ပါသည်။
အိမ်ထောင်သည်များ စိတ်ညစ်စရာ ကြုံတတ်သည်။ သူတစ်ပါးကြားဝင်မပါသင့်။ ငွေကြေးကိစ္စအာမ မခံသင့်ပါ။ ယခုတစ်ပတ်အတွင်းဘာလုပ်လုပ် တိုင်ပင်သင့်သည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် အဆင်ပြေသော်လည်း အိမ်ထောင်သည်များအဖို့ ကြားပယောဂကြောင့် ပြဿနာတတ် တတ်သည်။ ပေါင်းသင်ပေါင်းနှိမ်၊ ပိုးသတ်ဆေးဖျန်း ခြင်းများကို ဓာတ်သင့်နံသင့် ၇၊ ၈ ရက်နေ့များတွင်ပြုလုပ်ပေး သင့်သည်။ သစ်သီးပင်များနှင့် စိုက်ပျိုးခြင်းဖြင့် အကျိုးပေးသည်။

ယတြာ-စနေနေ့ မနက်ပိုင်း အိမ်ဘုရားမှာ ပန်းအဝါရောင် ၈ ပွင့် လှူဒါန်းပါ။
အကျိုးပေးသော ဂဏန်း – ၀၊ ၈

အင်္ဂါ သားသမီးများ


ယခုကာလအတွင်း လုပ်ငန်းကိုင်ငန်းများ အဆင်ပြေပျော်ရွှင်ရမည့် ကာလကို ရောက်ရှိလာတော့မည့် ကာလဖြစ်သည်။ ကုသိုလ်ကောင်းမှု အလှူဒါနတစ်ခုခု ပြုလုပ်ရကိန်းရှိသည်။ တိုင်းပြည်အကျိုးဆောင် လုပ်ငန်းတစ်ခုခု မမျှော်လင့်ပဲ လုပ်ကိုင်ရကိန်းရှိမည်။ သူတပါးအကျိုးကို ဆောင်ရွက်ရမည်။ ဉာဏ်ပညာ ထက်မြတ်နေမည့် အချိန်ဖြစ်သည့် အတွက် ပညာရေးတွင်ကောင်းမည်။ မိမိရည်ရွယ်ဆုံးဖြတ်သည့် အတိုင်းပြုလုပ်နိုင်မည်။ အိမ်ထောင်းရေး ကံမကောင်းပါ၊ အိမ်ထောင်သည်များ အတွက် စကားများရကိန်းရှိ မည်။ ငယ်ရွယ်သူများ အဖို့ အချစ်ရေးကံကောင်းပါသည်။ ကျန်းမာရေး ပါးစပ်နှင့် မျက်စိ မှာရောဂါ ဖြစ်တတ်သည်။ ပေါင်းသင်ပေါင်းနှိမ်၊ ပိုးသတ်ဆေးဖျန်း ခြင်းများကို ဓာတ်သင့်နံသင့် ၆၊ ၇ ရက်နေ့ များတွင် ပြုလုပ်ပေးသင့်သည်။

ယတြာ-ကြာသပတေးနေ့ မနက်ပိုင်း အိမ်ဘုရားမှာ ဆွမ်းထမင်း ကို ဆီစမ်း၍ လှူလိုက်ပါ။
အရေးကြီးပါက ( ၇ ရက် ) တိတိ လုပ်ဆောင်ပါ။
အကျိုးပေးသော ဂဏန်း – ၃၊ ၇

ဗုဒ္ဓဟူး သားသမီးများ


လုပ်ငန်းအတွက် နေရာသစ် များတွင်ပြောင်းရွှေ့ လုပ်ကိုင်ရမည်။ လက်တွေ့အကောင်အထည် ဖော်နိုင်မည်။ အိမ်ခြံမြေရောင်းဝယ်ခြင်းကောင်းမည်။ မိတ်ဆွေများအတွက် ကူညီစောင်ရှောက်မှုများပေးရ တတ်သည်။ လူစုလူဝေးများပြားသော နေရာများတွင်သွားလာခြင်းများကြောင့် ကိုယ်ပိုင်ပစ္စည်းတစ်ခုခု ကျပျောက် တတ်သည်။ စကားငြင်းဆိုခြင်းများ တွေ့ကြုံရတတ်သည်။ ပဲ အမျိုးမျိုး၊ မုန့်ညှင်း၊ ပန်း စသော ကြာသာပတေးနံ အပင်များဖြင့် အကျိုးဖြစ်ထွန်းနိုင်မည်။ ပေါင်းသင်ပေါင်းနှိမ်၊ ပိုးသတ်ဆေးဖျန်း ခြင်းများကို ဓာတ်သင့်နံသင့် ၁၀၊ ၁၂ ရက်နေ့ များတွင် ပြုလုပ်ပေးသင့်သည်။

ယတြာ- အိမ်က ဘုရား တွင် တစ်နေ့ကို အရဟံ ပုတီး ၃ ပါတ် စိတ်ပါ။
အကျိုးပေးသော ဂဏန်း – ၂၊ ၅

ကြာသာပတေး သားသမီးများ


အလုပ်အကိုင်များအဆင်ပြေမည်။ ဘာပဲလုပ်လုပ် တိုင်တိုင်ပင်ပင်လုပ်ဆောင်ပါ။ အထူး သဖြင့် ဗုဒ္ဓဟူး သားသမီးများနှင့် တွဲဖက်လုပ်ဆောင်ပါ။ ငွေကြေးကိစ္စ အဆင်ပြေမည်။ အလှူမင်္ဂလာ သတင်းကြားရမည်။ ရပ်ဝေးနှင့် ပက်သတ်ပြီး အဆက်အသွယ်ကောင်း၊ သတင်းစကားကောင်းကြားရမည်။ စာချုပ်စာတမ်းကိစ္စ အောင်မြင်မည်။ ငယ်ရွယ်သူများအလွန်စန်းပွင့်မည်။ ကြက်သွန်၊ မုန်လာဥ၊ ကန်စွန်းဥ စသော ဥစား သီးနှံံ့များစိုက်ပျိုးခြင်းဖြင့် အကျိုးစီးပွားဖြစ်အံ့။ မိုးရေ၊ စိုက်ပျိုးရေ ကိစ္စများကြောင့် စိတ်ပင်ပန်းရမည်။ ပေါင်းသင် ပေါင်းနှိမ်၊ ပိုးသတ်ဆေးဖျန်း ခြင်းများကို ဓာတ်သင့်နံသင့် ၇၊ ၁၀ ရက်နေ့များတွင် ပြုလုပ်ပေး သင့်သည်။

ယတြာ- မွေးနေ့ တွင် အသက်ကြီးပိုင်း တစ်ယောက်ယောက်ကို ဆေးလှူပါ။
အကျိုးပေးသော ဂဏန်း – ၅၊ ၇

သောကြာ သားသမီးများ


စာချုပ်စာတမ်း ကိစ္စစီစဉ်ရမည်။ ရပ်ဝေးမှ သတင်းကောင်းကြားရမည်။ အလှူမင်္ဂလာကိစ္စ ပေါ်တတ်သည်။အမျိုးသမီးတစ်ဦးကူညီစောင့်ရှောက်တတ်သည်။ မြေ၊ အမွေ၊ ဖုန်း ကိစ္စအဆင်ပြေမည်။ မထင်မှတ်ပဲငွေနှစ်ဆင့် နှစ်ခါရတတ်သည်။ တိရိစ္ဆာန်ကိုအကြောင်းပြုပြီး စကားများရတတ်သည်။ ပျိုရွယ်သူများစန်းပွင့်မည်။ ထီထိုးလျှင် ၂၊ ၅ ပါတာထိုးပါ။ ယခင်ခံစားရခဲ့ဖူးသော ရောဂါဝေဒနာဟောင်း ပြန်လည်ဖြစ်ပွားတတ်သည်။ ပန်းမန်နှင့်၊ သီးပင်စားပင်များ စိုက်ပျိုးခြင်းဖြင့် အကျိုးပေးမည်။ ပေါင်းသင်ပေါင်းနှိမ်၊ ပိုးသတ်ဆေးဖျန်း ခြင်းများကို ဓာတ်သင့်နံသင့် ၇၊ ၈ ၊ ၁၀ ရက်နေ့များတွင်ပြုလုပ်ပေး သင့်သည်။

ယတြာ- ကြာသပတေးသားနေ့ မနက်ပိုင်း အိမ်ဘုရားမှာ ကိတ်မုန့်လှူပြီးဆုတောင်းပါ။
အကျိုးပေးသော ဂဏန်း – ၁ ၊ ၈

စနေ သားသမီးများ


ဆုံးရှုံးပြီး မရတော့ဟုထင်သော ဥစ္စာပစ္စည်းများပြန်ရမည်။ အဆက်အသွယ်ပြတ်နေသော မိတ်ဟောင်း ဆွေဟောင်းများနှင့်ပြန်တွေ့ရမည်။ ငွေကြေးကံကောင်းမည်။ မိသားစုတွင်း ဝမ်းသာစရာ သတင်းများကြားရမည်။ ဝမ်းနည်းစရာသတင်းလည်း တစ်ပြိုင်တည်း ကြားရတတ်သည်။ ဝမ်းဗိုက်၊ အစာအိမ်နှင့် ပက်သက်သော ရောဂါတစ်ခုခု ခံစားရတတ်သည်။ ဆန် စပါး၊ ဆေးရွက်ကြီး စသော အင်္ဂါနံ အပင်များနှင့် အကျိုးပေးသော ကာလဖြစ်ပါသည်။ ပိုးသတ်ဆေးဖျန်း ခြင်းများကို ဓာတ်သင့်နံသင့် ၆၊ ၁၂ ရက်နေ့များတွင် ပြုလုပ်ပေး သင့်သည်။
ယတြာ- ဗုဒ္ဓဟူး နေ့ မနက်ပိုင်း အိမ်ဘုရားမှာ ကြာဇံကြော်လှူ၍ဆုတောင်းလိုက်ပါ။

အကျိုးပေးသော ဂဏန်း – ၂၊ ၆
ခုနှစ်ရက်သားသမီးများ အားလုံးအဆင်ပြေ ကြပါစေ။ လိုအင်ဆန္ဒများ အမြန် ပြည့်ဝကြပါစေ လို့ဆုမွန်ကောင်းပြုရင်း။

ဖုန်းမာန်တိုး
(စိုက်ပျိုးရေး နှင့် နက္ခတ္တဗေဒ ပညာရှင်)

credit-