ရွှေကူမြို့နယ်၊ ပန်ခေါန်ယာန်ရွာတွင် အခြေချထားသော စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်၊ စစ်သားသေဆုံးမှုများနိုင်
ရန်ကုန်၊ ဇွန် ၅
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ပန်ခေါန်ယာန်ကျေးရွာတွင် အခြေချ တပ်စွဲထား သော စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ယနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဇွန်လ ၅ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန် ကချင်ပြည်နယ် ရွှေကူမြို့နယ် ပန်ခေါန်ယာန်ရွာတွင် တပ်စွဲအခြေချနေရာယူထားသောစစ်အာဏာသိမ်းအ ကြမ်း ဖက် စစ်တပ်၏စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၈,အမှတ် ၅ တပ်ရင်းတပ်ဖွဲ့များမှ
တိုက်ခိုက်သိမ်းပိုက် ရရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု များပြားပြီး ထွက်ပြေးသွားကြကြောင်း၊ အဆိုပါစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA,တပ်မဟာ ၈,အမှတ် ၅ တပ်ရင်းတပ်ဖွဲ့များမှနယ်မြေရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ပြီစီးပြီးစခန်းချတပ်စွဲလိုက်ပြီ ဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်များက ဆိုသည်။
“စစ်တပ်ဘက်က သေဆုံးမှု ထိခိုက်များတယ်။ အတိအကျအရေအတွက်တော့ မသိဘူး။ စခန်းကိုတော့ သိမ်းမိပြီလို့ သိရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။