ၾကားသိသမွ်

မတ္တရာနှင့် စဉ့်ကူးနယ်ကြားရှိ ဒေသကာကွယ်ရေး စခန်းကို စ စ်အုပ်စုက စီးန င်းတို က်ခို က်၊ ကျည်ထိမှန်တဲ့ ပြည်သူ့ရဲဘော်တစ်ဦးက မို င်းနှစ်လုံးနဲ့ ထားခဲ့ရန်ပြောပြီး အသက်စွန့် ကာကွယ်၊

မတ္တရာနှင့် စဉ့်ကူးနယ်ကြားရှိ ဒေသကာကွယ်ရေး စခန်းကို စစ်အုပ်စုက စီးနင်းတိုက်ခိုက်၊
ကျည်ထိမှန်တဲ့ ပြည်သူ့ရဲဘော်တစ်ဦးက မိုင်းနှစ်လုံးနဲ့ ထားခဲ့ရန်ပြောပြီး အသက်စွန့် ကာကွယ်၊

MFP ၊ ဇွန် – ၅

မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ကြားရှိ သ.စ.မ (သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာ) ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေ ရောက်ရှိနေတဲ့ မတ္တရာ ပကဖ စခန်းကို ဇွန်(၃)ရက်မှာ ဒလန်သတင်းပေးနှင့်အတူ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်း လေးကြောင်းခွဲပြီး လာရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

မတ္တရာ ပကဖ စခန်း စီးနင်းခံရချိန် ကျည်ထိမှန် ဒဏ်ရာရတဲ့ သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် 02- ဇီးတူး က တခြားရဲဘော်တွေကို အသက်စွန့် ကာကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ခွေးအုပ်စုမှ စစ်ကြောင်းလေးကြောင်း ထိုးကာ ဒလန်လမ်းပြ အကူအညီဖြင့် တောနင်း၍ ကျွန်ုပ်တို့ မဟာမိတ်တပ်ပေါင်းစုများ၏ စခန်းအား ရှာဖွေတွေ့ရှိခဲ့ပါသည်။ စခန်းအား စီးနင်းရာတွင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် တရစပ် ပစ်ခတ်၍ ဝင်ရောက်ခဲ့ပါသည်။

မြေပြင် ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုများ အနေဖြင့် လက်နက်အင်အား၊ လူအင်အား မမျှသဖြင့် မိုင်းများ ဆင်ထားခဲ့ကာ ဆုတ်ခွာခဲ့ရပါသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့၏ ညီကို ဇီးတူး(02){နာမည်ဝှက်}အား ကျည်ထိမှန်ခဲ့ပါသည်။ ဇီးတူးမှ သူ့အား ဗုံးနှစ်လုံးပေး၍ ထားခဲ့ပြီး အားလုံး အမြန်ဆုတ်ခွာကြရန် ပြောသဖြင့် မတတ်သာသည့် အဆုံးတွင် သူရဲကောင်း ဇီးတူးအား ထားရစ်ခဲ့ရပါသည်” လို့ စဉ့်ကူး မြေပြင်ပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ဖော်ပြပါတယ်။

တပ်ပေါင်းစု ရဲဘော်တွေ ဘေးကင်းလုံခြုံရာ ရောက်ရှိပြီးနောက် စုံစမ်းမေးမြန်းကြည့်ရာမှာ မိုင်းပေါက်ကွဲသံ (၁၂)ကြိမ် ကြားရကြောင်းနှင့် မတ္တရာ ပကဖ စခန်းကို ဝင်စီးတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေ မိုင်းထိလို့ ခြောက်ဦးထက်မနည်း သေသလို ထိခိုက်ဒဏ်ရာရသူ များပြီး ပရဟိတကားတွေနဲ့ အလောင်းတွေ သယ်ယူနေရတယ်လို့ သတင်းကြားရကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဖော်ပြပါတယ်။

“ဇွန်(၃)ရက် နေ့လည်ပိုင်းက ဒလန်သတင်းပေးကြောင့် စစ်ကောင်စီမှ စစ်ကြောင်းလေးကြောင်းဖြင့် ဝင်ရောက်စီးနင်းစဉ် အဖွဲ့သားများရဲ့ အသက်အားလုံးကို မိမိအသက်နှင့်လဲ၍ ရဲဝံ့စွာ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရသော သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် 02 အား အလေးနီ ပြုပါသည်။ မိစ္ဆာစစ်ဘီလူးတွေကြောင့် အသက်ပေးခဲ့ရတဲ့ သူရဲကောင်း 02 အတွက် သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့အနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရပြီး အဖွဲ့နှင့်အတူ ဝမ်းနည်း ကြေကွဲဖြစ်ခဲ့ရပါသည်” လို့ သပိတ်ကျင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ကလည်း ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဖက် ထိခိုက်မှု အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

မတ္တရာ ပကဖ စခန်း စီးနင်းခံရချိန် တပ်ပေါင်းစု ရဲဘော်တွေ လွတ်မြောက်ဖို့ အသက်စွန့်ကာကွယ်ခဲ့တဲ့ သပိတ်ကျင်းနယ် ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့က ပြည်သူ့ ရဲဘော် 02- ဇီးတူး/Photo – Thabeikkyin Revolution – TR