ၾကားသိသမွ်

နောင်တစ်ချိန်မှာ ခွင့်မလွှတ်နိုင်လောက်တဲ့ အမှားမျိုးရှောင်ရှားဖို့ ဗိုလ်ချုပ်ဂွန်မော် စစ်ကောင်စီကို သတိပေး၊

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို ကွပ်မျက်ဖို့ ဆုံးဖြတ်တာကို ရှုတ်ချ

ဇွန် ၅၊ The Nation Voice

“နောင်တချိန်မှာ ခွင့်မလွှတ်နိုင်လောက်မယ့် အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်” လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က ယမန်နေ့ညက သူ့ရဲ့ Facebook မှာ ဖော်ပြပြီး ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို ကွပ်မျက်ဖို့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးရဲ့ ထုတ်ပြန်ချက်ကို ပူးတွဲဖော်ပြခဲ့ပါတယ်။

“ ကျနော့အနေနဲ့ တရားစီရင် အကြောင်း ပြောလိုတာ မဟုတ်ပါ။ ဘယ်သူမှန်ပြီး ဘယ်သူက မှားတယ်လို့ ပြောနေတာလဲ မဟုတ်ပါ။ နောင်တချိန်မှာ ခွင့်မလွှတ်နိုင်လောက်မယ့် အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် ” လို့ ဗိုလ်ချုပ်ဂွန်မော်က လက်ရေးမူနဲ့ ရေးသားချက်ကို ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးရဲ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ အနေနဲ့ ဦးဂျင်မီဟု လူသိများ သော စာရေးဆရာ ကျော်မင်းယု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပါအဝင် လူလေးဦးကို ကွပ်မျက်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့တာကို ပြင်သစ်နိုင်ငံမှ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဟု ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနအနေနဲ့လည်း ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်နဲ့ လူပုဂ္ဂိုလ် ၂ဦး အပါအဝင် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် စစ်ကောင်စီရဲ့ သေဒဏ် အတည်ပြုခြင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ တရားရုံးတွေက ချမှတ်တဲ့ ပြစ်ဒဏ်တွေအားလုံးတို့ဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို ဆောင်ရွက်မှုတွေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးအတွက် အကြမ်းဖက် စစ်ကောင်စီက လုံး၀ တာဝန်ခံရမှာ ဖြစ်တယ်လို့လည်း တရားရေးဝန်ကြီးဌာနက ယမန်နေ့မှာ ထုတ်ပြန်ထားပါတယ်။