ၾကားသိသမွ်

မန္တလေးမှာ အိမ်တွေ ဖျက်နေတဲ့ စကစ ကျူးရှင်းလင်းရေးအဖွဲ့ကို တစ်ကိုယ်တော် သေ န-တ်သမားက ပ-စ် ခ တ် တို က်ခို က်၊

မန္တလေးမှာ အိမ်တွေ ဖျက်နေတဲ့ စကစ ကျူးရှင်းလင်းရေးအဖွဲ့ကို တစ်ကိုယ်တော် သေနတ်သမားက ပစ်ခတ် တိုက်ခိုက်၊

အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်အုပ်စုက အင်အားသုံး ပိတ်ဆို့ဖမ်းဆီးလို့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ၊
MFP ၊ ဇွန် – ၄

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေအိမ်တွေကို လိုက်လံ ဖျက်ဆီး ရှင်းလင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးရှင်းလင်းရေးအဖွဲ့ ဒီကနေ့ ဇွန်(၄)ရက် ညနေပိုင်းမှာ တစ်ကိုယ်တော် သေနတ်သမားတစ်ဦးက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မန္တလေး စည်ပင်ဦးဆောင်တဲ့ ကျူးရှင်းလင်းရေးအဖွဲ့က ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (၁၁၈)လမ်းနှင့် (၇၁)လမ်းအနီးက နေအိမ်တွေကို ဖျက်ဆီး ဖယ်ရှားနေချိန် ဒီကနေ့ ညနေ(၅)နာရီ ဝန်းကျင်မှာ ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အမျိုးသားတစ်ဦးက အကြမ်းဖက် စစ်အုပ်စုကို ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သေနတ်သမားက ပစ်ခတ်တဲ့အတွက် စစ်ကောင်စီ အကြမ်းဖက်သမားတချို့ ထိခိုက်ဒဏ်ရာရသလို သေနတ်သမားလည်း ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် စစ်အုပ်စုက အင်အားသုံးကာ ရပ်ကွက်နဲ့ လမ်းတွေကို ပိတ်ဆို့ပြီး ရှာဖွေခဲ့ရာက အသက်(၃၀)ကျော်အရွယ် အမျိုးသား တစ်ဦးကို ဖမ်းဆီး ရမိသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ရှာဖွေရာမှာ (၁၁၅)လမ်းနှင့် (၇၃)စီလမ်းအနီးမှာ ကျည်ဆံနဲ့ လက်ပစ်ဗုံးပါတဲ့ ဘေးလွယ်အိတ်တစ်လုံး တွေ့ရှိသွားပြီးနောက် အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက် ခံရပေမယ့် ထိခိုက် ဒဏ်ရာရသူ မရှိဘူးလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးရမိသူဟာ ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက်မှာ နေထိုင်တဲ့ တိုးကြီး (၃၆နှစ်) ဖြစ်ပြီး သေနတ်ဒဏ်ရာ နှစ်ချက် ရရှိထားတယ်လို့လည်း စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုဟာ မြစ်ငယ်မြို့ အပါအဝင် မန္တလေးမြို့ပေါ်က ထောင်သောင်းချီတဲ့ နေအိမ်တွေကို ကျူးကျော်အဖြစ် သတ်မှတ်ကာ လိုက်လံ ဖျက်ဆီး ရှင်းလင်းနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက တကိုယ်တော် သေနတ်သမားအဖြစ် စွပ်စွဲဖမ်းဆီးသွားတဲ့ အမျိုးသားကို တွေ့ရစဉ်/Photo – ပေးပို့