” ကရင်နီမှာ တပ်မ (၆၆) နဲ့ နယ်ခံ (၅၃၀)တပ်တို့ ခေါင်းချင်းဆိုင်နေပြီ ”
ဇွန် ၄၊The Nation Voice
ကရင်နီပြည်နယ် လွိုင်လင်လေးဘက် တပ်မ (၆၆) နဲ့ KA/ KNDF တို့ မနေ့ ဇွန်လ (၃) ရက်နေ့က တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
တပ်မ (၆၆) နဲ့ KA/ KNDF တိုက်ပွဲဖြစ်တိုင်း နယ်ခံ လွိုင်လင်လေး (၅၃၀) တပ်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့ပါတယ်။
ဒါပေမယ့် မနေ့ညကဖြစ်တဲ့တိုက်ပွဲမှာတော့ လက်နက်ကြီး ပစ်ကူမရခဲ့ဘူးလို့ Progressive Kareni People Force (PKPF) က ပြောပါတယ်။
အဲဒီလိုလက်နက်ကြီးပစ်ကူမရခဲ့တာဟာ တပ်မ (၆၆) က ကရင်နီပြည်ကိုရောက်နေတာ တစ်နှစ်လောက်ရှိနေပြီဖြစ်ပြီးတော့ စစ်ဆင်ရေးတာဝန်တွေပြီးဆုံးလို့ ပြည်မဘက်ကိုပြန်ပြီး အနားယူရတော့မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒါကိုသိတဲ့ နယ်ခံတပ် လွိုင်လင်လေး (၅၃၀) တပ်က မနေ့ညက ဖြစ်တဲ့တိုက်ပွဲမှာ တပ်မ (၆၆) ကို သေချင်သေကြပါစေဆိုတဲ့စေတနာနဲ့ တမင်သက်သက် လက်နက်ကြီးပစ်ကူမပေးခဲ့တာလို့ PKPF က ဆိုပါတယ်။
အဲဒါကြောင့်လည်း နယ်ခံတပ်ရဲ့ လက်နက်ကြီးပစ်ကူမရတဲ့ လွိုင်လင်လေးတိုက်ပွဲမှာ တပ်မ (၆၆) အထိနာခဲ့ပြီး တပ်မ (၆၆) နဲ့ နယ်ခံ (၅၃၀) တပ်တို့ စကားများပြီး အချေအတင်ဖြစ်ခဲ့ကြပါတော့တယ်။
အဲဒီနောက် တပ်မ (၆၆) က နယ်ခံ (၅၃၀) တပ်ကို မောင်းထုတ်ပြီးတော့ (၅၃၀) တပ်ရဲ့နေရာကို တပ်မ (၆၆) က ဝင်ရောက် အထိုင်ချလိုက်တယ်လို့လည်း သိရပါတယ်။
အဲဒီလို လုပ်တဲ့ကိစ္စကို နယ်ခံတပ်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေ က တပ်မ (၆၆) ကိုမကျေနပ်မှုတွေရှိနေတယ်လို့ PKPF က ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တပ်မ (၆၆) နဲ့ နယ်ခံတပ် (၅၃၀) တို့ဟာ သိပ်မကြာခင်အချိန်မှာ အချင်းချင်း ပြန်လည်ပစ်ခတ်တော့မယ့် အနေအထားရှိနေတယ်လို့ ဆိုပါတယ်။