ၾကားသိသမွ်

မန္တလေးတိုင်းထဲမှာNUG ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ကျောင်း (၈)ကျောင်းအထိရှိလာ

မန္တလေးတိုင်းထဲမှာ NUG က ဖွင့်လှစ်တဲ့ ဖက်ဒရယ်ကျောင်း (၈)ကျောင်းအထိရှိလာ
MFP ၊ ဇွန် – ၄

မန္တလေးတိုင်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်တဲ့ ဖက်ဒရယ်စာသင်ကျောင်း (၈)ကျောင်းအထိ ရှိလာပြီး ဂုဏ်ပြုကြိုဆိုတယ်လို့ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဖွင့်လှစ်ထားတာဖြစ်ပြီး Kaung For You Federal Private School၊ Mandalay Federal School၊ Federal School of AungMyay Tharsan၊ MaharAungMyay Federal School၊ ChanMya Tharsi Federal School၊ Mogoke Federal School၊ Madaya Federal School၊ Kyaukpadaung Federal School တို့ ဖြစ်ကြပါတယ်။

ကျောင်းအများစုဟာ မန္တလေးမြို့ပေါ်က ဖြစ်ပြီး မိုးကုတ်၊ မတ္တရာနဲ့ ကျောက်ပန်းတောင်းတို့မှာလည်း ဖွင့်လှစ်နိုင်တာကို တွေ့ရပါတယ်။
Kaung For You Federal Private Schoo ကတော့ ကျောင်းအပ်ထားတဲ့သူ (၂)သိန်းနီးပါးရှိတယ်လို့ ထုတ်ပြန်ထားပြီး ကျန်တဲ့ကျောင်းတွေကတော့ အရေအတွက် ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

“ မန္တလေး ဖက်ဒရယ်ကျောင်းကတော့ သတ်မှတ်ဦးရေ ပြည့်သွားပြီလို့ ပြောထားတယ်။ ကျန်တဲ့မြို့နယ်တွေက ကျောင်းတွေကျတော့ ရှာလို့မတွေ့ဘူး။ တကယ်ကျောင်းအပ်ချင်တဲ့သူတွေအတွက် အဆင်ပြေစေချင်ပါတယ် “ လို့ ချမ်းအေးသာစံမြို့နယ်ထဲက ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။

အခုပညာသင်နှစ်မှာ NUG ပညာရေးဝန်ကြီးဌာနဲ့ ချိတ်ဆက်ပြီး ဖွင့်ထားတဲ့ ကျောင်းတွေထဲမှာ Kaung For You Federal Private School၊ Free Online Educational Institution Myanmar၊ New Myanmar Education ၊ Myanmar Basic Education Home၊ Democracy Federal School တို့အပြင် မြို့နယ်အလိုက် ဖက်ဒရယ်ကျောင်းတွေကိုလည်း ဖွင့်လှစ်နေကြတာ တွေ့ရပါတယ်။