ၾကားသိသမွ်

ရမည်းသင်းတွင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ထောက်ခံပွဲအတွက် တစ်အိမ်တစ်ဦး မတက်မနေရ ခြိမ်းခြောက်

ရန်ကုန်၊ ဇွန် ၄

မန္တလေးတိုင်း၊ ရမည်းသင်းတွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးထောက်ခံပွဲအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တစ်အိမ်တစ်ဦး မတက် မနေရ ခြိမ်းခြောက် ခေါ်ယူလျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ရမည်းသင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ အိမ်ထောင်စုများကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ယနေ့ကျင်းပပြုလုပ်မည့် ရမည်းသင်းမြို့ပေါ်အကြမ်းဖက် မင်းအောင်လှိုင်၏ ငြိမ်ချမ်းရေးဆွေးနွေးကို ထောက်ခံပေးရန် တအိမ်တယောက် မတက်မနေခြိမ်းခြောက်လာကြောင်း၊ ငြိမ်းချမ်းရေးပွဲ မတက်နိုင်သော အိမ်ထောင်စုများအနေဖြင့် အနည်းဆုံး ငွေကျပ် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျော်အထိ ငွေကြေးတတ်နိုင်မှုကိုလိုက်၍ ငွေ ပေးရမည် ဟု တောင်းခံလာကြောင်း သိရှိရသည်။

“ပွဲတက်မယ့် သူတွေကို ရမည်းသင်း ကြံဖွံ့ပါတီက ကားနဲ့ အသွားအပြန် လိုက်ပို့ပေးမယ်။ မုန့်၊ရေ၊ အအေးတွေတိုက်မယ်လို့ ပြောတယ်။ ပြီးတော့ ပွဲမှာ နစကကို ထောက်ခံပါတယ်။ NUG ၊ CRPH ၊ PDF အလိုမရှိဆိုပြီး အော်ဖို့ လည်းပြောတယ်။ တစ်အိမ်တစ်ဦး မတက်မနေရ။ မတက်ချင်ရင်ငွေပေးရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ ပြောတာ မလိုက်နာရင်တော့ စစ်တပ်နဲ့ရဲခေါ်ပြီး ပါးနားရိုက်ခိုင်းမယ်ပေါ့။ ဖမ်းခိုင်းမယ် အဲဒီလိုမျိုး ခြိမ်းခြောက်တာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် နိုင်ငံတစ်ဝန်း မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးထောက်ခံပွဲကို ငွေကြေးစိုက်ထုတ်၍ အရှိန်အဟုန်ဖြင့် ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မေလ ၂၂ ရက်နေ့ မန္တလေးတွင် ပြုလုပ်သည့် အကြမ်းဖက် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးထောက်ခံပွဲ။