စစ်ကောင်စီသေဒဏ်ကိုဥပဒေနဲ့မညီဘဲချက်ချင်းစီရင်ခွင့်မရှိဘူးဆိုတာသိထားပါ
တရားစီရင်မှု့က ခရိုင် သို့မဟုတ် တိုင်းတရားလွှတ်တော်ကနေ သေဒဏ်ပေးလိုက်ရင်တောင် တရားခံက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အယူခံဝင်လို့ရတယ်။
တရားလွှတ်တော်ချုပ်ကနေ ၂ ပါးထိုင်၊ ၃ ပါးထိုင်၊ စုံညီဆိုပြီး ဆုံးဖြတ်က အဲ့ဒီအယူခံကို ပယ်ချပြီး အောက်ရုံးက သေဒဏ်ကို အတည်လို့ သတ်မှတ်တယ်။ အဲ့အခါမှာ တရားခံရ နိုင်ငံတော် သမ္မတ၊ ဝန်ကြီးချုပ် စသဖြင့် အကြီးဆုံးဆီကို ထပ်အသနားခံစာ တင်ပြီး အယူခံဝင်လို့ရတယ်။ အဲ့ဒီမှာလဲ ပယ်ချလိုက်ပြီဆိုရင်တော့ သေဒဏ်က အတည်ဖြစ်ပြီ။
ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ သေဒဏ်ချမှတ်ပေမယ် သတ်လို့မရဘူး။ ဘာဖြသ်လို့လဲဆိုတော့ နဝတ စစ်တပ်က အာဏာသိမ်းပြီး ၁၉၈၉ ခုနှစ်လယ်လောက်မှာ ကမ္ဘာ့ ဂျီနီဗာ စာချုပ်တခု ချုပ်ခဲ့တယ်။ သေဒဏ်ချမှတ်တာကို ပယ်ဖျက်မလား၊ သတ်တာကို ပယ်ဖျက်မလားဆိုရင် မြန်မာနိုင်ငံအနေနဲ့ တရားရေးက သေဒဏ်ချပေမယ့် လူကိုသတ်တာကို ပယ်ဖျက်တဲ့ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တယ်။ သေဒဏ်တော့ပေးတယ်။ မသတ်ဘူး။ ထောင်ထဲမှာ သေဒဏ်ကျတိုက်ထဲမှာထားတယ်။ နောင် အစိုးရပြောင်းလို့ဖြစ်ဖြစ် လျော့ပေါ့တဲ့အခါ အခွင့်အရေး ရရင် သေဒဏ်ကနေ တကျွန်း(နှစ် ၂၀) စသဖြင့်ပြောင်းလဲပြီး လွတ်သွားတဲ့သူတွေ အများကြီးပါ။
အခုကလည်း အဲ့ဒီလိုပဲ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သေဒဏ်က အတည်ဖြစ်ပြီဆိုပေမယ့်။ သတ်လို့မရပါဘူး။ အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံ အနေနဲ့ သူက ပြောပြောနေတာမို့ သူက မြန်မာကလက်မှတ်ထိုးထားတဲ့ သေဒဏ်နဲ့ပက်သက်တဲ့ စာချုပ်ကို လိုက်နာဖို့လိုသလို တဖက်မှာ မလိုက်နာရင် သူက မြန်မာကို ကိုယ်စားပြုသူလုံးဝမဟုတ်တော့ဘူးလို့ နိုင်ငံတကာက သတ်မှတ်လို့ရပြီ။
ခပ်ရှင်းရှင်းပြောရရင် သူတို့ကို စစ်တပ်က သတ်မယ်ဆို စစ်ကြောရေးမှာဖြစ်ဖြစ် ထောင်ထဲမှာဖြစ်ဖြစ် သတ်လို့ရပါတယ်ဗျာ။ အစောကြီးထဲက သတ်မယ်၊ ကျန်းမားရေး ဘာညာအကြောင်းပြပြီး အလောင်းကို မိသားသုတောင်မသိရပဲ သဂြိုလ်လိုက်မယ်။ လုပ်လို့ရတာပဲ။ အခု သေဒဏ်အတည်ဖြစ်တာကို စစ်လော်ဘီတွေပြောနေသလို သတ်မယ်ဆိုတာ လုပ်လို့မရပါဘူး။ အခုချိန်များ အကျဉ်းထောင်ထဲ ကိုယ့်ကျန်းမာရေးမကောင်းလို့ဖြစ်ဖြစ် တစုံတရာကြောင့် ထောင်ထဲတက် သူတို့သေရင် တရားခံက အာဏာသိမ်း စစ်တပ်ဖြစ်သွားမယ်။
တရားရေးကျွမ်းကျင်သူတစ်ဦး
—————————————————————————
ပညာရှင်တစ်ဦးပြောသွားတာက အမှန်တရားတွေပါ။
စကစရဲ့ အကွက်က ရိုးပါတယ်။
နိုင်ငံတကာ မျက်နှာစာအတွက် နယ်ရုပ်တစ်ခုကို စ ရွှေ့ကြည့်တဲ့သဘောဖြစ်မယ်ထင်တာပဲ။🤣🤣🤣
Zawgyi
—————————————————————————