ၾကားသိသမွ်

ဝန်ထမ်းများအားလုံး ယူနီဖောင်းအပြည့်အစုံဖြင့် ရုံးတက်ရမည်ဟု စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အမိန့်ထုတ်

မဲခေါင်၊ ဇွန် ၃

စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် ရှမ်းပြည်နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး ဇွန်လ ၆ ရက်မှစတင်၍ ယူနီဖောင်းအပြည့်အစုံဖြင့်သာ ရုံးတက်ရမည်ဟု စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားစာထုတ်ထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့ကတ်ဘိနက်တွင် ဝန်ထမ်းများအားလုံး ယူနီဖောင်းမဖြစ်မနေဝတ်ဆင်၍ ရုံးတက်ရမည်ဟု ဆွေးနွေးခဲ့ပြီးနောက် ဇွန်လ ၂ ရက်၌ ညွှန်ကြားစာထုတ်ထားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကတ်ဘိနက်မှာ ဝန်ကြီးချုပ်ကနေ အဲဒီကိစ္စပြောပြီး အတည်ပြုလုပ်တာ၊ မနေ့က ညွှန်ကြားစာထုတ်ပြီးပြီ။ အရင်တုန်းကတော့ Non CDM တွေဆိုရင် ရာထူးအကြီးပိုင်းတွေက ယူနီဖောင်းသိပ်မဝတ်ကြဘူး။ ပတ်ဝန်းကျင်မသိအောင် တခြားဝတ်စုံနဲ့ပဲ ရုံးလာတက်ကြတာ။

အခုကတော့ မဖြစ်မနေယူနီဖောင်းနဲ့တက်ရမှာပေါ့။ ထွေအုပ်ဝန်ထမ်းတွေကို ဦးစားပေးပြီးကြပ်မတ်ဖို့လည်း ဝန်ကြီးချုပ်မှာသွားတယ်” ဟု ၎င်းကပြောသည်။

ထိုအပြင် မြေပြင်ကွင်းဆင်းစစ်ဆေးချိန်နှင့် လူကြီးလမ်းကြောင်းရှိချိန်တွင်လည်း ယူနီဖောင်းဝတ်ဆင်ရမည့် အဆိုပါညွှန်ကြားချက်အပေါ် Non CDM ဝန်ထမ်းများအကြား ဝေဖန်မှုများထွက်ပေါ်နေပြီး ယင်းကိစ္စကို Non CDM ဝန်ထမ်းအချို့က လက်မခံချင်ကြသော်လည်း ပြန်လည်တင်ပြ၍မရသည့်အခြေအနေကြုံတွေ့နေရကြောင်း ယင်းသတင်းရင်းမြစ်ကဆက်ပြောသည်။

Non CDM ဝန်ထမ်းအချို့ကလည်း စစ်ကောင်စီခန့်ကပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့အပေါ် လုံခြုံရေးမပေးနိုင်ဘဲ ယူနီဖောင်းဝတ်၍ ရုံးတက်ရမည့်အပေါ် မကျေမနပ်ဖြစ်နေသလို အသက်အန္တရာယ်စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်မှ ယခင်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၌ နိုင်ငံတော်အာဏာသိမ်းချိန်မှစတင်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်လှုပ်ရှားမှု(CDM)၌ ပါဝင်ခဲ့ကြသည့် ဝန်ထမ်းအများအပြားရှိနေသလို စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများစွာလည်း ရှိနေခြင်းဖြစ်သည်။