နေပြည်တော်ကောင်စီနယ်မြေတွင် စစ်ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်
ကျော်ဇော/People’s Spring
နေပြည်တော်ကောင်စီနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF)က ယနေ့(ဇွန် ၃) ထုတ်ပြန်သည်။
ယနေ့နံနက် ၉ နာရီ ၃၅မိနစ်ခန့်က နေပြည်တော်၊ လယ်ဝေးမြို့နယ် Max စက်ရုံကျောက်ကွင်းနှင့် ကျွန်းတောအစပ်တွင် NPDF တပ်ရင်း (၈၀၂)၊ တပ်ခွဲ (၃)နှင့် (၅)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အထက်ပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၅ ဦးခန့်သေဆုံးနိုင်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်သည်။သို့သော် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။
စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုမှာမှန်ကန်ပြီး သွားရောက်တိုက်ခိုက်ခဲ့သော တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း NPDF တပ်ရင်း (၈၀၂)တပ်ရင်းမှူး ဗိုလ်ဓူဝံက People’s Springသို့ အတည်ပြုသည်။
“အောင်ပွဲရဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။ အားမလျော့ပါနဲ့။ အောင်ပွဲနီးပါပြီ”ဟု ၎င်းက အများပြည်သူထံ သတင်းစကားပါးသည်။