ၾကားသိသမွ်

စစ်ကား ၄၀ စီးပါ စစ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ တို က်ခို က်၊ စစ်ကား ၂ စီး၊ ဒရုန်းပ စ် အပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိ (ရုပ်/သံ)

ဖားဆောင်း၊ ဘောလခဲသို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကား ၄၀ စီးပါ စစ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကား ၂ စီး၊ ဒရုန်းပစ်ချသည့် Anti-Drone လက်နက် အပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိ (ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၃

ကရင်နီပြည်နယ်၊ ဖားဆောင်းနှင့် ဘောလခဲမြို့များရှိ အကြမ်းဖက်စစ်ကောင်စီ ရှေ့တန်းစခန်းများသို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ယာဉ်တန်းကို ကရင်နီပူး ပေါင်းတပ်ဖွဲ့က ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား သေဆုံးကာ

အကြမ်းဖက်စစ်တပ်၏ စစ်ကားအကြီး ၂ စီး၊ သေနတ် ၄ လက်နှင့် စစ်အသုံးအဆောင်အချို့ကို ရရှိခဲ့ကြောင်း KNDF တပ်ဖွဲ့ဝင် ၁ ဦးထံမှ သိရှိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၆ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၂ စီးအပြင် ဒရုန်းပစ် လက် နက်များ၊ လက်နက်ကြီး ကျည်များ၊ solar ပြားများ၊ သေနတ် ၄ လက်နှင့် ကျည် ဘောက်များ၊ တပ်မ ၆၆ စစ်ဝတ်စုံများ ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

“ကား ၄၀ စီးပါ ယဉ်တန်းကို ထားလဲရွာ မှာဖြတ်တိုက်တယ်။ အဲ့ဒီမှာ အဆင်မပြေတော့လို့ ပြန်ဆုတ်ပြီး နောက်တရက် ဇွန်လ ၂ ရက်နေ့မှာ အရှေ့ရွာ တစ်ရွာမှာ ပြန်စောင့်ပစ်တယ်။ စကစတွေ အကျအဆုံးများပြီး လေယဉ်နဲ့ ဗုံး လာကျဲတယ်။ ကျွန်တော်တို့ဘက်က ညနေ ၄ နာရီလောက်မှာ စစ်ကား ၃၆ စီး စီးမြောက်နဲ့ ၃၈ စီးမြောက် ကား ၂ စီးကို မောင်းနှင် လာနိုင်ခဲ့ပါတယ်” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် အကြမ်းဖက်စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကရင်နီပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦးသာ ကျည်ရှပ်ထိ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။