ရွာတွေ မီးရှို့ခံရမှု ကာကွယ်ဖို့ အထူးတပ်ဖွဲ့ ဖွဲ့စည်းနေပြီး ဒေါ်လာ(၄)သိန်းဖိုး လက်နက် ဝယ်ထားလို့ ဗိုလ်နဂါး ပြော၊
စစ်ကိုင်းတိုင်း တိုက်ပွဲနှင့် လိုအပ်ချက် အကြောင်း NUG ဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နှင့် ဗိုလ်နဂါးတို့ ဆွေးနွေး၊
MFP ၊ ဇွန် – ၃
အကြမ်းဖက်စစ်အုပ်စုက ရွာစဉ်ပတ်မွှေ မီးရှို့နေတာကို ကာကွယ်ဖို့ အင်အား (၁၀၀)ပါတဲ့ အထူးတပ်ဖွဲ့ လေ့ကျင့် ဖွဲ့စည်းနေပြီး အဲ့ဒီအဖွဲ့အတွက် ဒေါ်လာ (၄)သိန်းဖိုး လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့လည်း ညှိနှိုင်း ဆွေးနွေးပြီးပြီလို့ မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
လက်ရှိမှာတော့ လက်နက်ဖိုး ငွေချေဖို့ ဒေါ်လာ(၂)သိန်းကျော် လိုအပ်နေသေးလို့ ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ ဗိုလ်နဂါးက အလှူခံပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲနှင့် မြေပြင် အခြေအနေ လိုအပ်ချက်တွေအကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ အမျိုးသမီးနှင့် လူငယ့်ရေးရာ ဒု-ဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နှင့် ဗိုလ်နဂါးတို့ ဆွေးနွေးမေးမြန်းထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှာ ဗိုလ်နဂါးက အထက်ပါအတိုင်း ပြောတာ ဖြစ်ပါတယ်။
“ဗိုလ်နဂါးမှ စစ်ကိုင်း၏ မြေပြင်အခြေအနေ နဲ့ လိုအပ်ချက်များကို တင်ပြခြင်း။ ထောက်ပံ့ လိုပါက m.me/soldiercatmm သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ (အပေါ်က link ကလေး ကိုနှိပ်ပြီး သွားရုံပါပဲ)။ မြန်မာ ဆိုရင် kpay, wavepay ၊ နိုင်ငံခြား ဆိုရင် US, UK , ထိုင်း , စင်ကာပူ, ကိုရီးယား , ဂျပန် ကနေ ပြည်ပနိုင်ငံများ ပါဝင်နိုင်ပါတယ်” လို့ NUG ဝန်ကြီ းဒေါ်အိသဉ္ဇာမောင်ရဲ့ Ei Thinzar Maung ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။