ၾကားသိသမွ်

တယ်လီနောမြန်မာကို Atom အဖြစ် အမည်ပြောင်းလဲ

ဧရာဝတီ၊ ဇွန် ၂၊ ၂၀၂၂

တယ်လီနောမြန်မာ၏ ပိုင်ရှင်အသစ်က Atom အဖြစ် အမည်ပြောင်းလဲကာ မြန်မာပြည်တွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာက ဇွန် ၁ ရက်တွင် ထုတ်ပြန်လာသည်။

မြန်မာပြည်တွင်းရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို တယ်လီနောမြန်မာအမည်ဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းသည် မေ ၃၀ ရက်မှစတင်ပြီး အဆုံးသတ်သွားပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ဘနွန်အခြေစိုက် M1 အုပ်စုနှင့် အာဏာသိမ်းစစ်အုပ်စုနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သည့် ရွှေဗျိုင်းဖြူတို့ ဖက်စပ်ထူထောင်ထားသော Investcom PTE က တယ်လီနောမြန်မာကို ပြီးခဲ့သည့် မတ်လအတွင်းက အပြီးသတ်ဝယ်ယူခွင့် ရရှိခဲ့ပြီးနောက် ယခုလို အမည်ပြောင်းလဲလာခြင်းလည်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံတွင်းမှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းပြီး ထွက်ခွာခဲ့ကြသော နိုင်ငံခြားကုမ္ပဏီများထဲမှ တခုဖြစ်သော နော်ဝေးအခြေစိုက် တယ်လီနောအုပ်စုသည် တယ်လီနောမြန်မာကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် အထက်ပါ ကုမ္ပဏီများအား ရောင်းချခဲ့သည်။

ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောမြန်မာသည် ပြည်တွင်း၌ သုံးစွဲသူ ၁၈ သန်းထိ ရှိသည့် ဆက်သွယ်ရေးကုမ္ပဏီတခုလည်း ဖြစ်သည်။