ၾကားသိသမွ်

“ရေတံခွန်ဆန်တက်ခဲ့တဲ့ငါးဟာဘာမဆိုဖြစ်ပြလို့ရတယ်”

တော်လှန်ရေးဟာအရေခြုံမျက်နှာဖုံးတွေကိုဆွဲဖြုတ်ခွါချပြစမြဲပဲ။

ပုံမှန်အခြေအနေမှာယုံကြည်အားကိုးလက်တွဲရနိုးနိုးတွေ၊တော်လှန်ရေးမီးပြင်းတိုက်တဲ့အခါနီရဲနေတဲ့လုံဝမှာရွှေနဲ့အမှိုက် သဲကွဲသွားသလိုပေါ့။

ပြည်သူ့တော်လှန်ရေးမှာပြည်သူကပဲလက်တွဲရမယ့်သူတွေအဖွဲ့အစည်းတွေကိုရွေးသွားကြမှာပဲ။
ကမ္ဘာကြီးရဲ့ရာသီကလည်း “မျက်နှာဖုံးခွါချ၊

ပြီးရင်တရားစီရင်”ပါဘဲ။
ရုရှားပူတင်ကိုကြည့်၊

ကမ္ဘောဒီးယားဟွန်ဆန်ကိုကြည့်၊
ဘယ်အရေခွံခြုံထားထားအရေးအကြောင်းမှာမူရင်းတွေဘွားကနဲပေါ်တာပဲ။


ကမ္ဘာ့ပြည်သူတွေတခဲနက်ဆန့်ကျင်တာရင်ဆိုင်ရတာပဲ။ပူတင်ရည်ရွယ်ချက်မရောက်တဲ့
အပြင်သူကြောက်တဲ့NATOတောင်ပိုအားကောင်းသွားသေးတာကိုး။ဟွန်ဆန်လည်းသူဝင်ကစွပ်လုပ်တဲ့အာဆီယံပါနာမည်ရောပျက်မှာမို့ခုတော့(NUG)ကိုသိက္ခာရှိရှိဆက်ဆံရေးလုပ်လာတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပေါ်လာရတာပဲ။

နိုင်ငံရေးမှမဟုတ်ပါဘူး။နယ်ပါယ်စုံမှာတရားမှန်စီရင်မည့်ရာသီပါ။ကမ္ဘာကျော်သရုပ်ဆောင်အမှုမှာတော့နှစ်ပေါင်းများစွာဖုံးကွယ်ခံထားရတဲ့အပိုင်းဟာအရေခြုံကွာကျပြီးတခါကနိမ့်ပါးခဲ့တဲ့ဖက်ကအနိုင်ရ တရားစီရင်ခန်းကိုရောက်ရတာကြည့်ပါ။

မြန်မာပြည်သူတွေလည်းတခါကဘယ်လောက်နိမ့်ပါးခဲ့ပေမယ့်အမှန်တရားစီရင်မယ့်နေ့ရောက်ဖို့ချီနေကြတာ၊အာရုံပျက်စရာတွေလမ်းလွဲစရာတွေနေရာလုလာတိုင်း

“ဟေ့ ဒါတော့မင်းလွန်ပြီ။မင်းတို့ဘယ်ကတည်းကကြံစည်ခဲ့တာများပြီ။ဟောဒီမှာအထောက်အထားစသဖြင့်တော်လှန်ရေးကို
လမ်းမကြောင်နဲ့စသဖြင့် ကိုယ်တိုင်ခုခံကာကွယ်ကြတာပါ။အကြောင်းအရာစုံမှာတွေ့ရမှာပါ။

ခုခံမှာပေါ့နွေဦးတော်လှန်ရေးကပြည်သူ
ကိုယ်တိုင်မွေးဖွားပေးခဲ့တာပဲ။မိခင်ကရင်သွေးကိုအကာအကွယ်ပေးမှာပဲ။ဒါကြောင့်လည်းနှစ်ပတ်လည်ချိန်အထိနွေဦးတော်လှန်ရေးကိုအထိမခံလက်ချင်းချိတ်စောင့်ရှောက်၊
အောင်စိတ်တွေထုံကူးလာကြတာပေါ့။

အစည်းအဝေးတွေနှစ်ခုသုံးခုတစ်ပြိုင်နက်ထိုင်၊ဟိုဘက်လှည့်တော့ရန်ပုံငွေကောက်။
ပြန်ကြားရေးမှာဝင်ကူ။ကလစ်ကတဖက်နှိပ်။မြေပြင်ကိုဆက်သူကဆက်နဲ့လူတစ်ကိုယ်ကိုလက်ဆယ်ဖက်လောက်နဲ့ကိုအားစိုက်နေကြတာ။
ဘဏ္ဍာရေးကငွေရှာနည်းမျိုးစုံနဲ့အစွမ်းပြခဲ့ပြီ။ခုတခါNUG Payမကြာမီလာမည်တဲ့။

ငွေရှာနည်းတော့မဟုတ်၊စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်တွင်းငွေလွှဲပို့စနစ်တွေကို ချန်
ရစ်ထားခဲ့ပြီး အမှီအခိုကင်းစွာ (ပညာဉာဏ်
ဖြင့်တော်လှန်ရင်း )ပြည်သူ့အာဏာပြန်ယူမယ့် ပြည်သူပိုင် ငွေကြေးဝန်ဆောင်မှု။

မြေပြင်မှာလည်း အယ်လ်ပီဒီအက်ဖ်တွေက
အဝေးပစ်ကြီးတွေစမ်းသပ်ပြ။

ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတချို့နဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုခေါင်းဆောင်တွေတွေ့တာမြင်ဖူးကြ။
NUG အစိုးရနဲ့ဥရောပသမဂ္ဂကိုယ်စားလှယ်၊

NUG အစိုးရနဲ့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၊တရားဝင်တွေ့တယ်တရားဝင်သတင်းထုတ်
ပြန်တယ်။နောက်ဖေးပေါက်ကခိုးကြောင်
ခိုးဝှက်မဟုတ်။

ဘယ်ခေတ်မှာမှမရဘူးတဲ့ပြည်သူ့အောင်ပွဲတွေဒီအတွက်ပေးဆပ်အံကြိတ်ရတာတွေကြည့်ပါ။
ရွာမီးရှို့တဲ့စစ်တပ်ကိုတုန့်ပြန်ရာမှာ

”မီးလောင်ပြင်မြေကိုတူးယူသွားရင်တောင်ငါးကန်လုပ်မွေးပြီး ဆက် ‘တိုက်’သွားမယ်လို့”သတ္တိပြခဲ့တာအညာသူပြည်သူပါ။
NUG အစိုးရဟာ(Exile )ပြည်ပရောက်အစိုးရမဟုတ်၊တကယ့်မြေပြင်ပေါ်သမ္မတ
ကိုယ်တိုင်ရှိနေတာပြလိုက်တယ်။လာဦးမယ် ဒါမျိုးတွေ။

တော်လှန်ရေးဗီဒီယို၉မိနစ်စာကို ၁၂နာရီ
အတွင်းလူသန်းနဲ့ချီကလစ် ပါပြလိုက်တဲ့အခါ။

”ရေတံခွန်ဆန်တက်ခဲ့တဲ့ငါးဟာဘာမဆိုဖြစ်ပြလို့ရတယ်”လို့ကျူးရင့်လိုက်သလိုပါပဲ။
ဒီလိုအချိန်မှာဘားလမ်းမှတ်တိုင်ပေါက်ကွဲမှုထဖြစ်တဲ့အပေါ်ပြည်သူတွေသိပါတယ်။လမ်းပေါ်မှာပြည်သူ့ခေါင်းတွေကိုချိန်ပြီးပစ်ခဲ့သူတွေကိုလည်းမမေ့ပါဘူး။ဘယ်သူ့ကိုဘယ်လို
ပုံဖျက်ဖို့ကြံစည်ထိုးချမလဲဆိုတာလည်းကြိုသိပြီးသားပါ။

အမ်မိုဂျီအီးMOGEကိုတော်လှန်ရေးအင်အားစုအားလုံးကဝိုင်းပိတ်ဆို့ရေးအားစိုက်နေကြ
ချိန်မှာစစ်ကောင်စီအနေနဲ့တစ်လကိုဒေါ်လာသန်းလေးရာ(လောင်စာဆီပြည်ပကတင်သွင်းဖို့ငွေ)ဘယ်လိုရှာမှာလဲ။

ငါးဖမ်းစက်လှေတွေဆီပြတ်၊ကမ်းရိုးတန်းတွေမှာ
ထောင်နဲ့ချီကျောက်ချရပ်ထားရတာတွေ။မြို့ပြလောက်မှာပဲအလှပြရုံကလွဲရင် ကျေးလက်
နယ်တွေဆီမှာကူးသန်းရောင်းဝယ်ရေး
ဘယ်စက်သုံးဆီနဲ့ဘယ်လိုဝယ်ကြမှာလဲ။

ပြီးရင်စားသုံးဆီအခက်က နောက်ထပ်ပိသာလေးနဲ့ထပ်ထုဖို့ရွယ်ပြီးသား။
စစ်ကောင်စီအတွက်စစ်ရေးသံတမန်ရေးအကျပ်အတည်းတွေ။တပ်ထဲကမကြေမနပ်မှုတွေကိုမပြောသေးပါဘူး။အနှစ်သုံးဆယ်ကျော်တပ်စွဲထားတဲ့သေဘောဘိုးလိုစခန်းမျိုးကိုရှုံးပြီး
ထွက်ပြေးရတာတွေမပါသေးဘူး။အရပ်ရှစ်
မျက်နှာပါတ်ပြေးပြီးစစ်ဆင်ရေးတွေရင်ဆိုင်နေရတာမပါသေးဘူး။

တော်လှန်ရေးနဲ့ပြည်သူတွေကတော့
အောင်စိတ်အယိုင်မခံ၊ရရာနည်းနဲ့
တော်လှန်ရမယ့်အချိန်ကိုက်။

စစ်ကောင်စီအားကိုးတကြီးတွဲဖို့မျှော်ထားတဲ့
လက်တွေကရှောင်ကြပြီ။
ကမ္ဘာ့ရာသီကိုကအရေခြုံတွေခွါချ၊
ပြီးရင်တရားစီရင်မယ့်ရာသီပါ။

#မင်းကိုနိုင်