မန္တလေး-လားရှိုးလမ်း (၁၆)မိုင်ဂိတ်နားက စစ်အုပ်စုကင်းစခန်းမှာ လက်နက်ပျောက်လို့ အပူတပြင်း ရှာဖွေနေ
MFP ၊ ဇွန် – ၂
မန္တလေး-လားရှိုးလမ်းပေါ်က (၁၆)မိုင် တိုးဂိတ်အနီးက စစ်အုပ်စုကင်းစခန်းမှာ ဒီမနက်ပိုင်းက လက်နက်ပျောက်သွားတဲ့အတွက် အပူတပြင်း ရှာဖွေနေတယ်လို့ ဒေသသတင်းရင်းမြစ် VOMDY-3 က ဖော်ပြထားပါတယ်။
ဒီနေ့ ဇွန်လ (၂)ရက် မနက် (၉)နာရီခန့်မှာ ပျောက်ဆုံးတာလို့ဆိုပြီး လက်ကောင်း၊ အုန်းချော၊ ကျောက်ချော၊ မေမြို့အဝင်နဲ့ (၃)မိုင် (၅)မိုင် သွားတဲ့လမ်းပိုင်းတွေအထိ စစ်အုပ်စုတွေဟာ DC ကားတွေနဲ့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။
အဲဒီကားတွေပေါ်မှာ စက်လက်သေနတ်တွေလည်း တပ်ဆင်ထားတာတွေ့ရပြီး တိုးဂိတ်တာဝန်ခံအချို့ကို ဖမ်းဆီးသွားတယ်လို့ VOMDY-3 က ဖော်ပြထားပါတယ်။
ပျောက်ဆုံးတဲ့ လက်နက်အရေအတွက်ကိုတော့ မသိရသေးပါဘူး။
အလားတူ မန္တလေးမြို့ပေါ်မှာလည်း စက်လက်တင်ထားတဲ့ DCကားတွေနဲ့ လှည့်ပတ်သွားလာနေတာတွေရှိတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
(၁၆) မိုင် တိုးဂိတ်အနီး တွေ့ရစဉ်/ ဓာတ်ပုံ – CJ