ၾကားသိသမွ်

ကရင်နီအခြေစိုက် တော်လှန်ရဲဘော်များအတွက် “ ပေါက်ရင်မြေယူ၊ မပေါက်ရင်လှူ” ပရောဂျက်စတင်

စန်းကျိန်

ကရင်နီပြည်နယ်ရှိ ကရင်နီထောက်ပံ့ပို့ဆောင်ရေးအသင်း(Karenni Logistics Team KLT) က မြေပြင် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် မြေကွက်ကံစမ်းမဲ ပြုလုပ်ထားကြောင်း သိရသည်။

ရောင်းချမည့်မြေနေရာမှာ ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ဖက်ခြမ်း ဆီးဘူး ရှမ်း၊ ကရင်၊ ကယား သုံး နယ်စပ်သွားလမ်းမကြီးဘေးတွင်ဖြစ်ပြီး လမ်းတစ်လျှောက်လုံး တောတောင်များနှင့် သာယာအေးချမ်း ကြောင်း၊ ဆောင်းရာသီ အအေးကြိုက်သူများအတွက် နေရာကောင်းတစ်ခုဖြစ်ကြောင်း၊ လွိုင်ကော်ဘက် မှ ဖြစ်စေ၊ ကရင်နယ်စပ်ဘက်မှဖြစ်စေ သွားလာရန် အဆင်ပြေသောနေရာဖြစ်ကြောင်း ကရင်နီထောက်ပံ့ ပို့ဆောင်ရေးအသင်း (KLT)မှ တာဝန်ရှိသူက ပြောသည်။

“ လက်မှတ်က ၁,၀၀၀ ရောင်းမှာပါ။ ဈေးနှုန်းကတော့ မြန်မာကျပ်ငွေ ၁၀,၀၀၀ ပါ။ လက်မှတ်ကုန်တာနဲ့ မဲဖောက်ပေးပါမှာပါ။ ခြံက ကျွန်တော်တို့အသင်းတာဝန်ခံရဲ့မြေပါ။ သူ့ရဲ့မြေကွက်ကို ပေါက်ရင် မြေယူ၊ မပေါက်ရင်လှူဆိုတဲ့အတိုင်း မဲပြုလုပ်သွားမှာပါ။

တော်လှန်ရေးအတွက်ပါဝင်ရင်း ခြံမြေကိုပိုင်ဆိုင်ရဖို့ ကံစမ်းပေးကြပါဗျာ။ ကျွန်တော်တို့ဘက်ကတော့ ရှိတာတွေထုတ်ပြီး ရှေ့ဆက်သွားမှာပါ” ဟု (KLT) မှ တာဝန်ရှိသူကမဇ္ဈိမကို ပြောသည်။

မြေကွက်ပိုင်ဆိုင်သူမှာ ကရင်နီထောက်ပံ့ပို့ဆောင်ရေးအသင်း(KLT)၏တာဝန်ခံဖြစ်၍ အရှုပ်အရှင်း ကင်း ကင်းဖြင့် ဝယ်ယူနိုင်ကြောင်း၊ မြေကွက်မဲပေါက်သူကို ရွာမိရွာဖပြည်သူများနှင့်အတူ သက်သေထားပီး စာချုပ်စာတန်းနှင့်တကွ ချုပ်ဆိုလွှဲအပ်ပေးမည်ဖြစ်ကြောင်း၊ မဲလက်မှတ် တစ်စောင်လျှင် မြန်မာကျပ်ငွေ ၁၀,၀၀၀ ကျပ်၊ စင်္ကာပူဒေါ်လာ ၁၀ ၊ အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာ၊ မလေးရှားရင်းဂစ် ၂၅ ရင်းဂစ် အသီး သီးဖြင့် Kpay,Wave Pay,Paynow, PayPal, Wise ဝယ်ယူနိုင်ကြောင်း ကရင်နီထောက်ပံ့ပို့ဆောင်ရေး အသင်းကဆိုသည်။

ကရင်နီထောက်ပံ့ပို့ဆောင်ရေးအသင်း Karenni Logistics Team (KLT)မှာ ကရင်နီတွင်ရှိသော Demoso People Defense Force( DMO- PDF) Karenni Nationalities Defense Force(KNDF) တို့ကို ထောက်ပံ့ နေသောအဖွဲ့ဖြစ်ပြီး ယခုမြေကွက်ကံစမ်းမဲမှရရှိငွေများကို လက်တလောမြေပြင်တွင် ခက်ခဲနေသော ရဲဘော်များအတွက် ဦးစားပေးထောက်ပံ့သွားမည်ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများအတွက်လည်း ကူညီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း KLTထံမှ သိရသည်။

လက်ရှိ ကရင်နီပြည်အခြေနေမှာ ယခုရက်ပိုင်း၌ စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့မှမရှိသော်လည်း စစ်ကောင်စီတပ်မှ အင်အားများတိုးချဲ့နေဆဲဖြစ်ကြောင်း၊ စစ်ဘေးရှောင် ပြည်သူ များအတွက် ကူညီထောက်ပံ့မူ များစွာလိုအပ်နေပြီး မိုးရာသီဖြစ်၍ အခက်ခဲများစွာရှိကြောင်း သိရသည်။Mizzima