ၾကားသိသမွ်

ပုလဲမြို့နယ်တွင် နေ့ရော၊ ညပါ (၆)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၅)ဦး ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ(ရုပ်/သံ)

ဧရာဝတီတိုင်းမ်

ဇွန်လ ၂ ရက်

စစ်ကိုင်းတိုင်းအတွင်းသို့ ဝင်ရောက်လာ သော စစစ်ကောင်စီယာဉ်တန်း (၉၂)စီး ကို ပုလဲမြို့နယ် အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PRA မှ မိုင်းဆွဲတိုက်ခိုက်မှုများ အပါအဝင် နှစ်ဘက်အပြန်အလှန်တိုက်ပွဲများ ၆ ရက်ကြာဖြစ်ပွားခဲ့ကြောင်း PRA က သတင်းထုတ်ပြန်သည်။

မေလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် နေ့ရော၊ ညပါ ၆ ရက်ကြာတိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)မှ တပ်ခွဲ(၁၃)ခုအထိ အသုံးပြုခဲ့ပြီး ၊ MRDA/ ပုလဲနှင့်မြိုင် မြို့များမှ ပကဖ အောက်တွင်သွားနေသော အဖွဲ့တော်တော်များများလဲ ပါဝင်ခဲ့ကြကြောင်း သိရသည်။

PRA နှင့် ပူးပေါင်းအဖွဲ့များဘက်က လက်နက်ခဲယမ်းအများအပြား အသုံးပြုခဲ့ရပြီး စစ်ကောင်စီဘက်က (၄၅)ဦး ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

PRA အနေဖြင့် လက်နက်ခဲယမ်းများ မရှိတော့ပါက ယခုတော်လှန်ရေးကို အရှုံးမပေးပဲ ကျောက်ခဲ၊ဝါးချွန်များဆွဲကိုင်ကာ အဆုံးထိတော်လှန်တိုက်ခိုက်သွားမည်ဟု ကတိပြုသစ္စာဆိုထားသည်။

ရုပ်သံ – PRA