မအူပင်တက္ကသိုလ် ဗုံးပေါက်ကွဲမှုကို PDF များလုပ်ဆောင်ခဲ့ခြင်းမဟုတ်ဟု သေမင်းလက်ယာပြောက်ကြားအဖွဲ့မှ ပြောဆို
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မအူပင်၊ ဇွန်လ ၂ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့၊ တက္ကသိုလ်ဝင်းအတွင်း မေလ ၃၁ ရက်နေ့ညက ဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုကို PDF များလုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း သေမင်းလက်ယာပြောက်ကြားအဖွဲ့မှ ပြောဆိုလိုက်သည်။
” ကျွန်တော်တို့အနေဖြင့် ပြည်သူအများထိခိုက်မည့်အလုပ်ကို လုပ်ဆောင်မှာမဟုတ်ပါဘူး။ အများသူငါသွားလာ လှုပ်ရှားသည့်နေရာတွေ အဓိက ပညာသင်ယူနေတဲ့ကလေးတွေ ရှိတဲ့နေရာများကိုရှောင်ရှားပြီး စစ်ကောင်စီသတင်းပေးဒလန်တွေနဲ့ ပြည်သူအပေါ် ဗိုလ်ကျ အနိုင်ကျင့်နေသည့် စစ်တပ်ကျောထောက်နောက်ခံများကိုသာ သုတ်သင်ရှင်းလင်းသွားမှာဖြစ်ပါတယ် ” ဟု မြို့ပြပြောက်ကြားအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလားတူ သေမင်းလက်ယာအဖွဲ့မှလည်း ပြည်သူများထိခိုက်နိုင်သော ဈေးများ စာသင်ကျောင်းများ သာသနာ့အဆောက်အဦးများလူထူထပ်နေသောနေရာများတွင်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
” ဒါက PDF တွေ လုပ်တာလို့ စွပ်စွဲချင်လို့ လုပ်တာဖြစ်ပါတယ်။ PDF တွေက ပြည်သူတွေ ထိခိုက်အောင်မလုပ်ဘူးလို့ ကြေငြာထားပြီးသားပဲလေ။ သူတို့လုပ်တယ်ဆိုရင် ကြေငြာတယ်လေ။ ခုက သူတို့မလုပ်ဘူးဆိုတော့ စစ်တပ်ကပဲလုပ်တာလို့ပဲ သုံးသပ်လို့ရပါတယ် ” ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မအူပင်မြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ သတင်းပေး(ဒလန်)များ၏ သတင်းပေးတိုင်ကြားမှုများကြောင့် စစ်ကောင်စီတပ်များ၏ စွပ်စွဲဖမ်းဆီးခြင်းခံရသူ ၁၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။