ဆီသိုလှောင်ကန်တွေမှာ ဆီရှိ၊မရှိ လက်တွေ့လိုက်ပြနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းပြော
ဧရာဝတီတိုင်းမ်
ဇွန်လ ၁ ရက်
စစ်ကောင်စီက ၎င်းတို့ထုတ်ပြန်ထားတဲ့အတိုင်း စက်သုံးဆီသိုလှောင်ကန်တွေမှာ ဆီအပြည့်ရှိပြီး လက်တွေ့ လိုက် ပြမယ်လို့ စစ်ကောင်စီ
ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းဌာနတခုက လက်ရှိစက်သုံးဆီဈေးမြင့်တက်နေမှုနဲ့ ဆီဆိုင်တချို့
တွေမှာဆီပြတ်လပ်မှုဖြစ်ပေါ်နေတယ်၊ ဆီပြတ်လပ်နေတယ်လို့ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းချက် ကိုအခုလိုြေ ကြားခဲ့
တာပါ။
” ဆီသိုလှောင်ထားတဲ့ကန်တွေကို ရှိ၊ မရှိကျနော်လိုက်ပြမယ်၊ လက်တွေ့လိုက်ကြည့်။မှန်တယ်ဆိုရင် တခုအာမခံ ရမယ်။ကျနော်မေးမြန်းခဲ့
တာသည်မှားပါတယ်၊ဆီတကယ် လက်တွေ့ရှိပါတယ်ဆိုတာသတင်းရေးပေးရမယ်။ ရေးပေးမယ်ဆိုအာမခံရင်ကျနော်ခေါ်သွားပြီး
လက်တွေ့ပြမယ်” လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
ဆီသင်္ဘောများအဆက်မပြတ်ဝင် ရောက်နေပြီး ဆီပြတ် လပ်မှုမဖြစ်ပေါ်နိုင်ဘူးလို့ စစ်ကောင်စီနဲ့ ၎င်းတို့လက် အောက်ခံ မြန်မာနိုင်ငံစက်
သုံးစီတင်သွင်းဖြန့်ဖြူးရောင်း ချရေးအသင်း-MPTAက အခိုင်အမာပြောဆိုထားပြီး စက်သုံးဆီတွေဟာ အခုလိုဆီကန်တွေနဲ့အပြည့်ရှိတယ်
လို့လည်းဆိုပါတယ်။
အဲ့ဒိလို အာမခံပြောဆိုနေပေမယ့် နေပြည်တော်၊ရန်ကုန်စတဲ့မြို့ကြီးတွေအပါအဝင် ဒေသအတော်များများမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့ ဆီ
ဆိုင်တွေနဲ့ ဆီဆိုင်ကြီးတွေမှာသာဆီရောင်းချနိုင်ပြီး အခြား စက်သုံးဆီဆိုင်ငယ်တွေမှာ ရောင်း ချဖို့ဆီမရှိလို့ ပိတ်ထားရတာမျိုးတွေ
ဆက်လက်ကြုံတွေ့နေရတာပါ။
#AyeyarwaddyTimes