ၾကားသိသမွ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကမ်းခြေတွင် ဝေလငါးသားပေါက် အသေ ၁ ကောင် သောင်တင်

ဂွကမ်းခြေတွင် ဝေလငါးသားပေါက် အသေ ၁ ကောင် သောင်တင်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ပုန်းညှက်ကျေးရွာကမ်းခြေမှာ မေလ ၃၁ ရက်က ဝေလငါးသားပေါက် အသေတကောင် သောင်တင်နေတာတွေ့ခဲ့

ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုန်းညှက်ကျေးရွာဒေသခံတစ်ဦးက “မနေ့က ညနေပိုင်းမှာ ကမ်းကိုတင်လာတာ။ သွားကြည့်ကြတော့ အသေဖြစ်နေတယ်။ အရှင်ဆိုရင်

တော့ ပင်လယ်ကို ပြန်ချပေးကြမလို့ပါ”လို့ ပြောပါတယ်။

အဆိုပါဝေလငါးမှာ အလျား ၁၀ ပေ၊ အနံ ၄ ပေကျော်ရှိတဲ့ အဆိုပါဝေလငါးသားပေါက်ဟာ မေ ၃၀ ရက်က ဂွကမ်းခြေမှာ မိုးသက်လေပြင်း

ကျရောက်လို့ သေဆုံးသွားပြီး ကမ်းဆပ်ကို ဒီရေလှိုင်နဲ့ မျောပါ သောင်တင်လာတာဖြစ်နိုင်တယ်လို့ ဒေသခံရေလုပ်သားတွေက ပြောဆိုကြ

ပါတယ်။

ဒီကမ်းခြေမှာ ဝေလငါးအသေတွေ အရင်ကလည်း လာရောက်သောင်တင်တာတွေရှိခဲ့တယ်လို့ ပုန်းညှက်ကျေးရွာနေ ရေလုပ်သားတ

ယောက်က ပြောပါတယ်။

၂၀၂၀ ဇန်နဝါရီ ၁၆ ရက်ကလည်း ရခိုင်ပြည်နယ်-မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော် ကမ်း‌ခြေအနီးမှာ အရှည် ၄၅ ပေ၊

လုံးပတ် ၃၀ ပေလောက် ရှိတဲ့ ဝေလငါး အသေတကောင် တွေ့ရှိခဲ့ပါတယ်။DVB