လေးကေ့ကော်တွင်တိုက်ပွဲထပ်ဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေပြီး ၈ ဦးဒဏ်ရာရရှိ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်ကျေးရွာမှာ မေ ၃၁ ရက်က စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၃၂ ဦးသေပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။
ဖလူးကျေးရွာဘက်ကနေ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF)တွေဟာ နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ကောင်စီက ရွှေညောင်ပင်အမြောက်ကုန်းကနေ လက်နက်ကြီး ပစ်ကူပေးပြီး နယ်မြေထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အဆိုပါတိုက်ပွဲဟာ မေ ၃၁ ရက် နေ့လယ်ကစတင်ပြီး ည ၈ နာရီအထိ စစ်ကောင်စီတပ်က ၂၉ ဦး၊ BGF ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။
“အရင်ရက်တွေတည်းက စကစနဲ့ BGF အင်အား ၃၀၀ လောက်က ဖလူးဘက်ကနေ လက်နက်ကြီးပစ်ကူနဲ့အတူ တိုးလာဖို့ ကြိုးစားနေတာ။ စကစနဲ့ပေါင်းပြီး ဗိုလ်မုတ်သုန်ရဲ့ ၁၀၂၂ တပ်ရင်းနဲ့ ဖြစ်တာ။ တိုက်ပွဲကတော့ သူတို့ဘက်က အထိနာနေတယ်”လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖလူးလေးကျေးရွာဘက်ကနေ စစ်ကောင်စီရဲ့ လူအင်အား ၃၀၀ လောက်ဟာ လေးကေ့ကော်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေသလို့ ကျဆုံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းယူဖို့ လုပ်ဆောင်နေတယ်လို့ KNU တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ည ၈ နာရီလောက်က ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်သံတွေကို သောင်ရင်းမြစ်တစ်ဖက်ကမ်း မဲဆောက်မြို့ပေါ်အထိ ကြားရတယ်လို့ မဲဆောက်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။
လေးကေ့ကော်ဒေသအတွင်း ဝင်ရောက်လှုပ်ရှားနေတဲ့ အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းက တပ်ဖွဲ့ဝင်တချို့ဟာ ခွဲထွက်ဒီကေဘီအေနဲ့ သွားရောက်ပူးပေါင်းတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၈ ရက်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းနံဘေး၊ သေ့ဘော့ဘိုးကျေးရွာအနီးက စစ်ကောင်စီရဲ့ သေ့ဘော့ဘိုးစခန်းကို ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ၆ ဦး အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် သေဆုံးသူများပြားခဲ့ပြီး ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တော်လှန်ရေးရဲဘော် ၃ ဦး သေဆုံးပြီး ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ နယ်မြေကျော်စစ်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံအရပ်သားပြည်သူဟာ သောင်းရင်းမြစ်အနီးမှာ ယာယီခိုလှုံနေထိုင်ရပြီး မိုးရာသီ လေပြင်းတိုက်ခိုက်မှုတွေကြောင့် ယာယီတဲတွေဟာ ပျက်စီးခဲ့သလို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေဟာ မိုးမိတဲ့ဒဏ်တွေနဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် နေထိုင်မကောင်းတဲ့သူတွေ ရှိနေပါတယ်။ DVB
ေလးေက့ေကာ္တြင္တိုက္ပြဲထပ္ျဖစ္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃၀ ေက်ာ္ေ သၿပီး ၈ ဦးဒဏ္ရာရရွိ
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ေတာင္ဘက္၊ ေလးေက့ေကာ္ေက်းရြာမွာ ေမ ၃၁ ရက္က စစ္ေကာင္စီပူးေပါင္းတပ္ေတြနဲ႔ KNLAပူးေပါင္းတပ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့ရာမွာ စစ္ေကာင္စီဘက္က ၃၂ ဦးေသၿပီး ၈ ဦးဒဏ္ရာရရွိခဲ့တယ္လို႔ KNU သတင္းရင္းျမစ္ဆီက သိရပါတယ္။
ဖလူးေက်းရြာဘက္ကေန စစ္ေကာင္စီတပ္နဲ႔ နယ္ျခားေစာင့္တပ္ (BGF)ေတြဟာ နယ္ေျမေက်ာ္ဝင္ေရာက္လာၿပီး စစ္ေကာင္စီက ေရႊေညာင္ပင္အေျမာက္ကုန္းကေန လက္နက္ႀကီး ပစ္ကူေပးၿပီး နယ္ေျမထိုးေဖာက္ဝင္ေရာက္ဖို႔ႀကိဳးစားလာတဲ့အတြက္ တိုက္ပြဲေတြျဖစ္ပြားေနတာပါ။
အဆိုပါတိုက္ပြဲဟာ ေမ ၃၁ ရက္ ေန႔လယ္ကစတင္ၿပီး ည ၈ နာရီအထိ စစ္ေကာင္စီတပ္က ၂၉ ဦး၊ BGF ၃ ဦး ေသဆုံးၿပီး ၈ ဦး ဒဏ္ရာ ရရွိထားတယ္လို႔ ဆိုပါတယ္။
“အရင္ရက္ေတြတည္းက စကစနဲ႔ BGF အင္အား ၃၀၀ ေလာက္က ဖလူးဘက္ကေန လက္နက္ႀကီးပစ္ကူနဲ႔အတူ တိုးလာဖို႔ ႀကိဳးစားေနတာ။ စကစနဲ႔ေပါင္းၿပီး ဗိုလ္မုတ္သုန္ရဲ့ ၁၀၂၂ တပ္ရင္းနဲ႔ ျဖစ္တာ။ တိုက္ပြဲကေတာ့ သူတို႔ဘက္က အထိနာေနတယ္”လို႔ KNU သတင္းရင္းျမစ္က ေျပာပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းက ဖလူးေလးေက်းရြာဘက္ကေန စစ္ေကာင္စီရဲ့ လူအင္အား ၃၀၀ ေလာက္ဟာ ေလးေက့ေကာ္ေဒသကို ျပန္လည္ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနသလို႔ က်ဆုံးသြားတဲ့ တပ္စခန္းေတြကို ျပန္လည္သိမ္းယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ KNU တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
မေန႔ည ၈ နာရီေလာက္က ျဖစ္ပြားတဲ့တိုက္ပြဲအတြင္း လက္နက္ႀကီး ပစ္ခတ္သံေတြကို ေသာင္ရင္းျမစ္တစ္ဖက္ကမ္း မဲေဆာက္ၿမိဳ႕ေပၚအထိ ၾကားရတယ္လို႔ မဲေဆာက္ၿမိဳ႕မွာ ေနထိုင္သူေတြက ေျပာပါတယ္။
ေလးေက့ေကာ္ေဒသအတြင္း ဝင္ေရာက္လႈပ္ရွားေနတဲ့ အမွတ္ ၁၀၂၂ နယ္ျခားေစာင့္တပ္(BGF) တပ္ရင္းက တပ္ဖြဲ႕ဝင္တခ်ိဳ႕ဟာ ခြဲထြက္ဒီေကဘီေအနဲ႔ သြားေရာက္ပူးေပါင္းတာေတြ ရွိတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
ေမ ၁၈ ရက္က ကရင္ျပည္နယ္၊ ျမဝတီခရိုင္၊ ျမဝတီ-ေဝၚေလ ကားလမ္းနံေဘး၊ ေသ့ေဘာ့ဘိုးေက်းရြာအနီးက စစ္ေကာင္စီရဲ့ ေသ့ေဘာ့ဘိုးစခန္းကို ေကာ္ဘရာစစ္ေၾကာင္းနဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြက တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ လက္နက္မ်ိဳးစုံ ၁၂ လက္နဲ႔အတူ လက္နက္ခဲယမ္းအေျမာက္အမ်ား သိမ္းဆည္းရမိခဲ့ပါတယ္။
အဆိုပါတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ တပ္သား ၆ ဦး အရွင္ဖမ္းဆီးရမိၿပီး စစ္ေကာင္စီတပ္ဘက္က ဒုတပ္ရင္းမႉးအပါအဝင္ ေသဆုံးသူမ်ားျပားခဲ့ၿပီး ေကာ္ဘရာစစ္ေၾကာင္းနဲ႔ ပူးေပါင္းတပ္ဖြဲ႕ဘက္က ေတာ္လွန္ေရးရဲေဘာ္ ၃ ဦး ေသဆုံးၿပီး ၄ ဦး မစိုးရိမ္ရဒဏ္ရာ ရရွိခဲ့ပါတယ္။
စစ္ေကာင္စီတပ္ေတြရဲ့ နယ္ေျမေက်ာ္စစ္ပြဲေတြေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံအရပ္သားျပည္သူဟာ ေသာင္းရင္းျမစ္အနီးမွာ ယာယီခိုလႈံေနထိုင္ရၿပီး မိုးရာသီ ေလျပင္းတိုက္ခိုက္မႈေတြေၾကာင့္ ယာယီတဲေတြဟာ ပ်က္စီးခဲ့သလို႔ ကေလးသူငယ္နဲ႔ သက္ႀကီးရြယ္အိုေတြဟာ မိုးမိတဲ့ဒဏ္ေတြနဲ႔ မသန႔္ရွင္းတဲ့ေရေတြကို ေသာက္သုံးေနရတာေတြေၾကာင့္ ေနထိုင္မေကာင္းတဲ့သူေတြ ရွိေနပါတယ္။ DVB