ၾကားသိသမွ်

NUG ဝန်ကြီးကို အီးယူအဆင့်မြင့်အရာရှိလက်ခံတွေ့ဆုံ

-သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေး အဓိကဆွေးနွေး

လီလီယန်/People’s Spring

ဥရောပသမဂ္ဂ၏ EEAS ဒုတိယမန်နေဂျင်းဒါရိုက်တာ Paola Pampaloni သည် NUG ကျန်းမာရေး နှင့်ပညာ
ရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးကိုဌာနချုပ်ဘရက်စဲလ်၌ ယနေ့လက် ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုကူညီ
မှုနှင့် ASEAN အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ ဥရောပသမဂ္ဂရုံးက သတင်းထုတ်ပြန်သည်။

“NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနဲ့ ဒီနေ့တွေ့ဆုံရတာ ဝမ်းသာရပါတယ်။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံ မှာ တွေ့ဆုံထိုက်သူအားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု Paola Pampaloni က ဆိုသည်။

အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းသည် မကြာ မီတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားပြီး ယင်းခရီးစဉ်အတွင်း စစ်ကောင်စီနှင့် ၎င်းက စီစဉ်ပေးသူများနှင့် တွေ့ဆုံရန် ရှိနေသည်။

သို့သော် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့နှင့်တွေ့ဆုံရန်ကိုမူ စစ်ကောင်စီကခွင့်ပြုမည့်အခြေအနေမရှိပေ။

ထို့အပြင် စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် အာဆီယံနှင့် ကုလသမဂ္ဂတို့က စီစဉ်လာမှုအပေါ် NUG နှင့် တိုင်းရင်းသားအဖွဲ့အစည်း ၃ ခုက ကန့်ကွက်ရှုတ်ချထားပြီး အမှန်တကယ်လိုအပ်နေသူများထံ အမှန်တကယ်ရောက်ရှိရေးအတွက် ဒေသခံ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်ရန် တောင်းဆိုထားသည်။