ၾကားသိသမွ်

ဆီဆိုင်အများစုဆီပြတ်လပ် ၊ ဆီ​ဈေးတက်​သော်လည်း ဆိုင်အများစုဝယ်မရ

စော​နွေဦး/People’s Spring

ရန်ကုန်မြို့တွင်းဆိုင်အများစုတွင် စက်သုံးဆီပြတ်လပ်နေပြီး အောက်တိန်း ၉၅ တစ်လီကို ၂၄၀၀ကျပ်အထိဈေးမြင့်တက်လာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

စက်သုံးဆီများ ဈေးမြင့်တက်လာ​သော်လည်းဆီဆိုင်အများစုမှာ ဆီပြတ်လပ်​နေ၍ ရောင်းချနိုင်ခြင်းမရှိတော့​ကြောင်း အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

“မနက်(​မေ ၃၁ နံနက်)ကဆီဖြည့်ဖို့ဆီဆိုင် ၅ ဆိုင်လောက် လိုက်ရှာလိုက်ရတယ်။ ၅ဆိုင်လုံးဆီလေးမျိုးလုံးမရှိတော့ဘူး၊ အခုက ဈေးကြီးတာအပြင် ဝယ်ရဖို့တောင်ခက်လာပြီ”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

မေ ၃၁ ရက်တွင် စစ်ကောင်စီက စက်သုံးဆီဆိုင်များကို အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၄၀ကျပ်၊ ဒီဇယ် ပရီမီယံတစ်လီတာလျှင် ၂၃၅၅ ကျပ်သတ်မှတ်ပြီး ရောင်းချခိုင်းထားသည်။

သို့သော်လည်း သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးကွက်တွင် ဝယ်ယူရန်ခက်ခဲပြီး ​မှောင်ခိုဈေးကွက်တွင် အောက်တိန်း ၉၅ တစ်လီတာကျပ် ၂၄၀၀ အထက်​ဈေး​ပေါက်​ကြောင်း

ယာဥ်​မောင်းအချို့က​ပြောသည်။မန္တလေးမြို့တွင်လည်းစက်သုံးဆီပြတ်လပ်နေပြီး အောက်တိန်းတစ်လီတာကိုကျပ် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိမြင့်တက်နေသည်ဟု မြို့ခံအချို့က​ပြောသည်။

လက်ရှိတွင် စက်သုံးဆီတင်သွင်းခွင့်ရထားသည့် ဆီဆိုင်အချို့မှ အပ ဆီဆိုင်အများစုတွင်စက်သုံးဆီပြတ်လပ်နေသည်ဟု ရန်ကုန်နှင့် မန္တလေးမြို့ခံများကပြောသည်။

“ဆီစျေးတက်လေ ကုန်စျေးနှုန်းတွေကလည်းအဆမတန်တွေမြင့် တက်လာလေပါပဲ။ အခုက တော်တော်ကြီးဆိုးရွားလွန်းတဲ့အခြေအနေထိရောက်နေတာကိုဖော်ပြနေတာပါ။

မကြာခင် ဒီထက်ခက်ခဲတဲ့ အခြေအနေတွေရောက်လာတော့မယ်” ဟုကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးကသူ၏အမြင်ကိုပြောသည်။
စစ်ကောင်စီက ပြည်တွင်းဒေါ်လာ သုံးစွဲမှုကို ထိန်းချုပ်လိုက်ခြင်းကြောင့် ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းရန် အခက်

အခဲများဖြစ်နေသည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။စစ်ကောင်စီကချထားပေးသည့်ဒေါ်လာများမှာလည်းပြည်တွင်းစက်သုံးဆီသုံးဆွဲမှုကို လုံလောက်အောင်မတင်သွင်းနိုင်ဟု ၎င်းကဆက်​ပြောသည်။

သို့သော်လည်း ဆီတင်သွင်းသည့်ကုမ္ပဏီများပိုင်ဆိုင်သည့် စက်သုံးဆီသိုလှောင်ကန်များထဲတွင် စက်သုံးဆီများပမာဏအများအပြားရှိနေပြီး၎င်းတို့ကိုစစ်တပ်ကထိန်းချုပ်ထားသည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကဆက်​​ပြောသည်။

ထိုသို့စုဆောင်းထားခြင်းမှာ စစ်တပ်က အရေးပေါ်အခြေနေတွင် ထုတ်ယူသုံးစွဲရန်အတွက်ဖြစ်သည်ဟုလည်းအထက်ပါ လုပ်ငန်းရှင်က သုံးသပ်သည်။

စစ်ကောင်စီက ဒေါ်လာကိုင်​ဆောင်မှုကိုထိန်းချုပ်မှုထားခြင်းကြောင့် စက်သုံးဆီ၊ စားသုံးဆီ နှင့် ဆေးဝါးတင်သွင်းမှုတို့ အခက်အခဲများရှိနေပြီး အများစုမှ မသွင်းနိုင်တော့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

(ရန်ကုန်တွင်ဆီဝယ်ရန်တန်းစီ​နေ​သောကားများကို ​မေ ၃၁ ည​နေပိုင်းက​တွေ့ရစဥ်။ ။ ဓါတ်ပုံ-People’s Spring)