ရန်ကုန်ဘားလမ်းကားမှတ်တိုင်တွင်ဗုံးပေါက်၍ပြည်သူ အချို့ထိခိုက်
●PDF ကိုပုံဖျက်ရန် စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံအဖွဲ့လုပ်ရပ်ဟု ပြည်သူများသုံးသပ်
-ဆဏ်း/People’s Spring
ရန်ကုန်မြို့ အနော်ရထာ လမ်းမပေါ်ရှိ ဘားလမ်းမှတ်တိုင်တွင် ယနေ့ညနေ ၃ နာရီခွဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး ကားစောင့်နေသည့် ခရီးသည်ပြည်သူ ၇ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယင်းနေရာအနီး၌ နေထိုင်သူတစ်ဦးကပြောသည်။
မေလ ၃၁ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်၌ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ကားစောင့်နေသောပြည်သူများကိုထိခိုက်ခဲ့ခြင်းဖြစ်သည်။
“သွေးအိုင်ထဲမှာ ပစ်လဲနေတာ ။ သေတယ်လည်းကြားတယ်” ဟု မျက်မြင်တွေရှိခဲ့သူတစ်ဦးကပြောသည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သပ်၍ ပြည်သူများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)က လုပ်ဆောင်ခြင်းမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီဘက်ကလုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောကြားသည်။
“ကားမှတ်တိုင်မှာဗုံးပေါက်တယ်ဆိုတေ့ာပြည်သူကိုဒုက္ခပေးသတ်နေတဲ့ပျူ ၊ ကြံ့ ၊စခွေးတွေရဲ့လုပ်ရပ်ပဲ၊PDF တွေလုပ်တယ်ဆိုပီးပုံမှားရိုက်အပြစ်ဖို့တဲ့လုပ်ရပ်တွေ၊ပြည်သူတွေကိုဂျင်းထည့်ဖို့မစဥ်းစားနဲ့ခွေးတွေရေ၊” ဟု ပြည်သူတစ်ဦးက ယင်းဖြစ်စဉ်အပေါ် မှတ်ချက်သည်။
အခြား ပြည်သူတစ်ဦးကလည်း “ပျူတွေလက်ချက်လေ။မြို့တော်ခန်းမရှေ့ညနေ ၄ နာရီဆို Nonတွေ (CDM မလုပ်ဘဲ စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ) တန်းစီပြီး ဖယ်ရီစောင့်နေကြတာ။အဲ့မှာဗုံးမခွဲပဲကားဂိတ်မှာလာခွဲတယ်ဆိုတော့ပျူမှမဟုတ်ရင်ဘယ်သူရှိအုံးမလဲ။PDFတွေကပြည်သူထိအောင်တော့ဘယ်တော့မှမလုပ်ဘူး။” ဟု အမျိုးသားတစ်ဦးက ၎င်း၏ အမြင်ကိုပြောသည်။
စစ်ကောင်စီကို ဖြုတ်ချရန် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များထံတွင် စစ်ပညာသင်ယူ၍ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေသော PDF နှင့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များသည် စစ်ကောင်စီပစ်မှတ်နှင့် စစ်ကောင်စီထောက်တိုင်များကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေသည်။
ရန်ကုန်ဘားလမ်းကားမှတ်တိုင်တွင်ဗုံးပေါက်၍ပြည်သူ အချို့ထိခိုက်
●PDF ကိုပုံဖျက်ရန် စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံအဖွဲ့လုပ်ရပ်ဟု ပြည်သူများသုံးသပ်
-ဆဏ်း/People’s Spring
ရန်ကုန်မြို့ အနော်ရထာ လမ်းမပေါ်ရှိ ဘားလမ်းမှတ်တိုင်တွင် ယနေ့ညနေ ၃ နာရီခွဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး ကားစောင့်နေသည့် ခရီးသည်ပြည်သူ ၇ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယင်းနေရာအနီး၌ နေထိုင်သူတစ်ဦးကပြောသည်။
မေလ ၃၁ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်၌ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ကားစောင့်နေသောပြည်သူများကိုထိခိုက်ခဲ့ခြင်းဖြစ်သည်။
“သွေးအိုင်ထဲမှာ ပစ်လဲနေတာ ။ သေတယ်လည်းကြားတယ်” ဟု မျက်မြင်တွေရှိခဲ့သူတစ်ဦးကပြောသည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သပ်၍ ပြည်သူများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)က လုပ်ဆောင်ခြင်းမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီဘက်ကလုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောကြားသည်။
“ကားမှတ်တိုင်မှာဗုံးပေါက်တယ်ဆိုတေ့ာပြည်သူကိုဒုက္ခပေးသတ်နေတဲ့ပျူ ၊ ကြံ့ ၊စခွေးတွေရဲ့လုပ်ရပ်ပဲ၊PDF တွေလုပ်တယ်ဆိုပီးပုံမှားရိုက်အပြစ်ဖို့တဲ့လုပ်ရပ်တွေ၊ပြည်သူတွေ
ကိုဂျင်းထည့်ဖို့မစဥ်းစားနဲ့ခွေးတွေရေ၊” ဟု ပြည်သူတစ်ဦးက ယင်းဖြစ်စဉ်အပေါ် မှတ်ချက်သည်။