ၾကားသိသမွ်

မင်းအောင်လှိုင်နှင့် ” ဝ” ပြည်နယ်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံချိန် “ဝ” အဖွဲ့က ပြည်နယ်တောင်း

မင်းအောင်လှိုင်ကို “ဝ” အဖွဲ့က ပြည်နယ်တောင်း

ပန်ဆန်း၊ မေ (၃၁)

လူငယ့်ခေတ်

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ” ဝ” ပြည်နယ်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံချိန် “ဝ” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ရန် တောင်းဆိုခဲ့ကြောင်း UWSA က ယနေ့ထုတ်ပြန်လိုက်သည်။

မင်းအောင်လှိုင်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့ မေလ (၃၀) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံပြီးနောက် ယနေ့တွင် UWSP/UWSA ၏ လာရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှ တဆင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခင် ပြည်ထောင်စုအစိုးရသို့ အဆိုပြုတင်ပြထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးမှု အထွေထွေမူဝါဒအရ အခြားတိုင်းရင်းသားပြည်နယ်နှင့်တန်းတူ “ဝ” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင်ရန် တောင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သဘောတူညီချက်မရနိုင်ပါက နှစ်ဖက်ကြားပဋိပက္ခများကို ရှောင်ရှားရန်နှင့် အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင်ပြေစေရန် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံးထိန်းသိမ်းသွားရန် တောင်းဆိုထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ အခြေအနေအရ UWSP/UWSA ၏သဘောထားမှာ မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခများပို၍ မဖြစ်စေလိုသောကြောင့် မည်သည့်ဘက်မှ ပါဝင်ပတ်သက်မည့်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် တစ်နှစ်အကြာတွင် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု တိုင်းရင်းသားလက်နက်ကိုင်များကို မေလအတွင်း ဖိတ်ခေါ်ခဲ့သည်။

ထိုဖိတ်ခေါ်မှုကို တွေ့ဆုံဆွေးနွေးရန်အတွက် စစ်တပ်နှင့်တိုက်ပွဲမဖြစ်သည့် အဖွဲ့ (၇) ဖွဲ့က တွေ့ဆုံမည်ဟု စာရင်းပေးထားသည်။