နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးကွဲ
နောင်ချို၊ မေ ၃၁
လူငယ့်ခေတ်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗုံးပေါက်ကွဲခဲ့ပြီး လူ ၈ ဦး ဒဏ်ရာရရှိခဲ့သည့် အနက် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့(မေလ ၃၁ ရက်နေ့) မွန်းလွဲ ၂ နာရီတွင် ပေါက်ကွဲခြင်းဖြစ်ပြီး ရုံးခေါင်မိုးများ လန်ထွက်သွားကာ ရုံးအတွင်းရှိ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ စိုးရိမ်ရကြောင်းသိရသည်။
“ရုံးတစ်ခုလုံးပွင့်ထွက်သွားတာပဲ။ တော်တော်ပြင်းတယ်။ တစ်ယောက်ကစိုးရိမ်ရတယ်။သေတဲ့သူတော့မကြားသေးဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။
ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားပြီး လပ်ရှိတွင် စစ်အုပ်စုက အဆိုပါပညာရေးမှူးရုံးနေရာအနီးတွင် ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်သည်ကိုမသိရသေးပါ။
နောင်ချိုမြို့နယ်တွင် စစ်အုပ်စုကစာသင်ကျောင်းများ ပြန်ဖွင့်လှစ်ရန်စီစဥ်နေပြီး မေလ၂၇ရက်နေ့က ကျောင်းအပ်နှံရေးအခမ်းအနား ပြုလုပ်ခဲ့သေးသည်။
ဓာတ်ပုံ- ယနေ့ပေါက်ကွဲမှုမှ မြင်ကွင်းများ