ၾကားသိသမွ်

ပင်းတယစာသင်ကျောင်းရှေ့ တွေ့ရှိသည့် လက်လုပ်မို -င်း PDF လက်ချက်မဟုတ်ကြောင်း အတည်ပြု

ပင်းတယစာသင်ကျောင်းရှေ့ တွေ့ရှိသည့် လက်လုပ်မိုင်း PDF လက်ချက်မဟုတ်ကြောင်း အတည်ပြု
မဲခေါင်၊ မေ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းရှေ့၌ လက်လုပ်မိုင်းတစ်လုံးကို မေလ ၃၀ ရက်၊ နံနက်အစောပိုင်းက တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာရှိ စာသင်ကျောင်းရှေ့၌ လက်လုပ်မိုင်းတစ်လုံးကို ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းလက်လုပ်မိုင်းအား ဒေသခံ PDF များက ထောင်ထားခြင်းမဟုတ်ကြောင်း ဒေသတွင်းအခြေစိုက် တော်လှန်ရေးအင်အားစုတစ်ဖွဲ့၏ ခေါင်းဆောင်ပိုင်းဖြစ်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အဖွဲ့အပါအဝင် ဒေသတွင်းမှုလုပ်ရှားနေတဲ့ အဖွဲ့တွေရဲ့ လက်နက်မဟုတ်ဘူးဆိုတာ အခိုင်အမာအတည်ပြုပါတယ်။ ကျန်အဖွဲ့တွေကိုလည်း ဆက်သွယ်အတည်ပြုပြီးပါပြီ။ ကျွန်တော်တို့က အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတာပါ။ သူတို့ရဲ့ လက်အောက်ခံ စစ်ကောင်စီသတင်းပေးဒလန်တွေကို သက်သေအထောက်အထားနဲ့တကွ ရှင်းလင်းခဲ့တာမျိုးတော့ ရှိပေမယ့် အပြစ်မဲ့ပြည်သူတွေကို ထိခိုက်အောင်တော့ မလုပ်ပါဘူး” ဟု ၎င်းကပြောသည်။

အဆိုပါမပေါက်ကွဲသေးသည့် လက်လုပ်မိုင်းအား စစ်ကောင်စီတပ်မှ လာရောက်ဖြုတ်သိမ်းသွားသလို ယင်းကဲ့သို့ စာသင်ကျောင်းရှေ့၌ မိုင်းထောင်သည့်လုပ်ရပ်သည် ဒေသတွင်းတော်လှန်ရေးအင်အားစုများကို ပုံဖျက်ရန် စစ်ကောင်စီမှ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက ယူဆထားသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်ကလည်း ပင်းတယမြို့နယ်၊ နောင်ရဲကျေးရွာရှိ စာသင်ကျောင်း၌ မပေါက်‌ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ပြီး စစ်ကောင်စီမှပင် လာရောက်ဖြုတ်သိမ်းသွားကြောင်းကိုလည်း သိရသည်။