ၾကားသိသမွ်

☔☔☔မေလ ၃၁ရက်နေ့မှ ဇွန်လ ၅ရက်နေ့အတွင်း တစ်ပတ်စာ မိုးလေဝသ သတင်း🌧🌧🌧

မေလ ၃၁ရက်နေ့မှ ဇွန်လ ၅ရက်နေ့အတွင်း တစ်ပတ်စာ မိုးလေဝသ သတင်း

ယခုတစ်ပတ်အတောအတွင်း မြန်မာနိုင်ငံ မြို့နယ်တော်တော်များများမှာ တိမ်ထူထပ်နိုင်ပြီး နေရာဒေသအလိုက် မိုးရွာသွန်းနိုင်ပါသည်။ မြောက်ပိုင်း တောင်တန်းဒေသများတွင် တောင်ပိုင်းဒေသများထက် ရွာရန်ရွာနှုန်းမြင့်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသည်။

ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း တို့တွင် မေလ ၃၁ရက်နေ့ ညနေမှ စတင်ပြီး ဇွန်လ ၅ရက်နေ့ထိ တစ်ရက်ကို မိုးရေချိန် ၁လက်မခန့် ရွာသွန်းနိုင်ပါသည်။ လေတိုက်နှုန်းမှာ အသင့်အတင့်ဖြစ်ပါသည်။

မန္တလေး၊ မကွေးတိုင်းနှင့် နေပြည်တော်တို့တွင် မေလ ၃၀ရက်နေ့၌ နေသာနိုင်သော်လည်း မေ ၃၁မှ ဇွန်၄ရက်နေ့အတွင်း တိမ်များထူထပ်အုံ့ဆိုင်းနိုင်ကာ မိုးရွာသွန်းနိုင်ပါသည်။ နေပြည်တော်နှင့် မကွေးအောက်ပိုင်းတွင် မိုးကြီးနိုင်ပါသည်။ ဇွန်လ ၅ရက်နေ့မှစပြီး မိုးရွာသွန်းမှု လျော့ကျသွားနိုင်ပါသည်။

မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် မေ ၃၁မှ ဇွန်လ ၅ရက်နေ့အတွင်း တိမ်ထူထပ်နိုင်ကာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသည်။ တစ်ရက်ကို မိုးရေချိန် တစ်လက်မအထက် ရွာသွန်းနိုင်ပါသည်။ တနင်္သာရီတိုင်းတွင် ယခုတစ်ပတ်လုံး တိမ်များ အုံ့ဆိုင်းကာ မိုးရွာသွန်းနိုင်ပြီး ဇွန်လ ၅ရက်နေ့နောက်ပိုင်းတွင် မိုးကြီးနိုင်ကာ တစ်ရက်ကို မိုးရေချိန် ၂လက်မခန့် ရွာသွန်းနိုင်ပါသည်။

ရှမ်းပြည်တောင်ပိုင်းတွင် မေလ ၃၁ရက်နေ့၌ နေသာနိုင်ပါသည်။ နောက်ရက်များတွင် နေရာကွက်ကြား မိုးဖွဲဖွဲရွာသွန်းနိုင်ပါသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် ယခုတစ်ပတ်လုံး မိုးရွာသွန်းနိုင်ချေ မြင့်ကာ တစ်ရက်ကို မိုးရေချိန် လက်မဝက်ခန့် ရွာသွန်းနိုင်ပါသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မေလ ၃၁ရက်မှ ဇွန်လ ၅ရက်နေ့အတွင်း တစ်ရက်ကို မိုးရေချိန် တစ်လက်မခန့် ရွာသွန်းနိုင်ပါသည်။
စစ်ကိုင်းတိုင်းတွင် မေ ၃၁ရက်နေ့မှ ဇွန်လ ၃ရက်နေ့အတွင်း မိုးများစွာ ရွာသွန်းနိုင်ပါသည်။ ကချင်ပြည်နယ်တွင် ဇွန်လ ၁ရက်မှ ၅ရက်နေ့အတွင်း တစ်ရက်ကို မိုးရေချိန် ၂လက်မဝန်းကျင်ဖြင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသည်။

Source- Weather Impact