ၾကားသိသမွ်

အ ကြ မ်း ဖ က် စစ်တပ်ကဝင်ရောက်ပ စ်ခတ်မှုကြောင့်ကင်းစောင့်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်ငါးဦးကျဆုံး

အကြမ်းဖက်စစ်တပ်ကဝင်ရောက်ပစ်ခတ်မှုကြောင့်ကင်းစောင့်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်ငါးဦးကျဆုံး

ကန့်ဘလူ၊ မေ ၃၁

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်​မြောက်ခြမ်း၊ ချပ်သင်း​ဒေသ ကံကြီးရွာ သို့ ယနေ့မေ၃၁ရက် မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကင်းစောင့်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့​ကြောင်း Chattin Revolution -CTN-R မှ သိရသည်။

” အသေးစိတ်အခြေအနေတွေတော့မသိသေးဘူး။ကနဉီးသတင်းအရတော့ကျဆုံးတာရှိတယ် ” ဟု Chattin Revolution -CTN-R က တာဝန်ရှိသူတစ်ဦးက​​​ လူငယ့်ခေတ်သို့ ပြောသည်။

ယ​နေ့မ​နက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ချပ်သင်းရွာဘက်မှ ​အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်​ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကံကြီးရွာတွင် ကင်း​စောင့်​နေသည့် ရဲ​ဘော် ၅ ဦး ကျဆုံး​ကြောင်း Chattin Revolution -CTN-R က ယနေ့ ထုတ်ပြန် ထားသည်။

ထိုပြင် ဒေသခံရွာသား အပြစ်မဲ့ပြည်သူ ၃ ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဥ်၏ သေးစိတ်အခြေအနေများကို လူငယ့်ခေတ်အနေဖြင့်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၈ ရက် ကလည်း ကန့်ဘလူ၊ ချပ်သင်းရွာ အနီးတွင် အကြမ်းဖက် စစ် ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် ချပ်သင်းရွာတွင် တပ်စွဲထားပြီး အနီးဝန်းကျင်ရှိ တင်​မော်ရွာနှင့် ပုဏ္ဏားကြီး​ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။