ပြည်သူ့ရဲဘော်အားလုံးကို ဂုဏ်ပြုကြောင်း “Bella Ciao” သီချင်းနဲ့ KNDFတစ်နှစ်ပြည့် မှာ ထုတ်ပြန်ဖော်ပြ
လူငယ့်ခေတ်
မေ ၃၁
ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် နေ့မှာ ကျဆုံးသွားတဲ့၊ ဖမ်းဆီးခံရတဲ့ ၊ ဆက်လက်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ရဲဘော်တွေအားလုံးကို ဖက်ဆစ်ဆန့်ကျင်ရေး သီချင်း တစ်ပုဒ်ဖြစ်တဲ့ “Bella Ciao” နဲ့ ဂုဏ်ပြုကြောင်း KNDFက ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
KNDFဟာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းအပြီး ကရင်နီပြည်နယ်က လူငယ်တွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကာ စစ်ကောင်စီတပ်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့လဲ ဖြစ်ပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ တတ်စွမ်းသမျှ ပံပိုးကူညီ ဆောင်ရွက်ပေးသွားမယ်လို့လဲ KNDF ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းနားကို သဝဏ်လွှာပေးပို့ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့မှာ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုး သားပါတီ မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး/တအောင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော်( PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA ) တို့က သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။
Video-KNDF/B-03