ဘုတ်ပြင်းမြို့တွင် စစ်ကောင်စီ စစ်သားများ အချင်းချင်း စကားများရာမှ ဓါးခုတ်မှုဖြစ် ၂ဦးသေ၊ ၄ဦး ထွက်ပြေးဟုဆို
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ(၅၈၅)တွင် မေလ(၂၉)ရက်နေ့၊ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်သားများ အချင်းချင်း အချင်းများကြရာမှ ဓါးခုတ်မှုဖြစ်ကာ (၂)ဦးသေ၊ (၄)ဦးထွက်ပြေးနေရသည်ဟု တပ်တွင်းသတင်းပေးချက်ကို ကိုးကားကာ တနင်္သာရီ PDF က ယနေ့မေလ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ခမရ(၅၈၅)တပ်သည် ကရင်ပြည်နယ်တွင် ရှေ့တန်းစစ်မျက်နှာ၌ ထိခိုက်ကျဆုံးများနေသောတပ်ဖြစ်ပြီး ဒုတပ်ရင်းမှူးကိုယ်တိုင် KNLA ထံသို လက်နက်နှင့်တကွ ဝင်ရောက်ပူးပေါင်းခဲ့သော တပ်ရင်းဖြစ်သည်။
တပ်တွင်းအခြေအနေမှာလည်း ရဲဘော်များအကြား စိတ်ဝမ်းကွဲပြားမှုများ ရှိနေကြောင်း တပ်တွင်းနေ စစ်ကောင်စီဘက်မလိုက်သူများ၏ သတင်းပေးပို့ချက်ကို တနင်္သာရီ PDF က သတင်းထုတ်ပြန်ထားသည်။
ကော့သောင်းခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များသည် ဒေသကာကွယ်ရေးအဖွဲများနှင့် လွန်ခဲ့သည့်လပိုင်းက ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး အများစုမှာ ကရင်ပြည်နယ်အတွင်း ထိခိုက်ကျဆုံးများနေသောကြောင့် တပ်တွင်းသို ဘုန်းကြီးပင့်ဖိတ်၍ မကြာခဏ ဆွမ်းသွပ်အမျှအတန်းပေးဝေနေရသည်ဟု ဆိုသည်။ @TNA
ဘုတ်ပြင်းမြို့တွင် စစ်ကောင်စီ စစ်သားများ အချင်းချင်း စကားများရာမှ ဓါးခုတ်မှုဖြစ် ၂ဦးသေ၊ ၄ဦး ထွက်ပြေးဟုဆို
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ(၅၈၅)တွင် မေလ(၂၉)ရက်နေ့၊ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်သားများ အချင်းချင်း အချင်းများကြရာမှ ဓါးခုတ်မှုဖြစ်ကာ (၂)ဦးသေ၊ (၄)ဦးထွက်ပြေးနေရသည်ဟု တပ်တွင်းသတင်းပေးချက်ကို ကိုးကားကာ တနင်္သာရီ PDF က ယနေ့မေလ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ခမရ(၅၈၅)တပ်သည် ကရင်ပြည်နယ်တွင် ရှေ့တန်းစစ်မျက်နှာ၌ ထိခိုက်ကျဆုံးများနေသောတပ်ဖြစ်ပြီး ဒုတပ်ရင်းမှူးကိုယ်တိုင် KNLA ထံသို လက်နက်နှင့်တကွ ဝင်ရောက်ပူးပေါင်းခဲ့သော တပ်ရင်းဖြစ်သည်။
တပ်တွင်းအခြေအနေမှာလည်း ရဲဘော်များအကြား စိတ်ဝမ်းကွဲပြားမှုများ ရှိနေကြောင်း တပ်တွင်းနေ စစ်ကောင်စီဘက်မလိုက်သူများ၏ သတင်းပေးပို့ချက်ကို တနင်္သာရီ PDF က သတင်းထုတ်ပြန်ထားသည်။
ကော့သောင်းခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များသည် ဒေသကာကွယ်ရေးအဖွဲများနှင့် လွန်ခဲ့သည့်လပိုင်းက ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး အများစုမှာ ကရင်ပြည်နယ်အတွင်း ထိခိုက်ကျဆုံးများနေသောကြောင့် တပ်တွင်းသို ဘုန်းကြီးပင့်ဖိတ်၍ မကြာခဏ ဆွမ်းသွပ်အမျှအတန်းပေးဝေနေရသည်ဟု ဆိုသည်။@TNA