မြောင် တမဆေးကန်တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က(၂၀)ကျော်သေ (ရုပ်သံ)
လူငယ့်ခေတ်
မေ ၃၁
စစ်ကိုင်းတိုင်း မြောင်မြို့နယ် တမဆေးကန်ကျေးရွာမှာ မေလ၂၉ရက်နေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား(၂၀)ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲချိန်သုံးနာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၀ )ကျော်သေနိုင်ကာ အများအပြားဒဏ်ရာရနိုင်ကြောင်း SevenPeopleDefenseForceက သတင်းထုတ်ပြန်ပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု က PDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦး မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ မှ ရဟတ်ယာဉ် နဲ့ လာရောက်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူကာကွယ်ရေး ရဲဘော်တွေ အချိန်မှီပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့လဲ သိရပါတယ်။
တမဆေးကန်ရွာတိုက်ပွဲကို မြောင်နယ်ဒေသခံ မဟာမိတ်တပ်ပေါင်းစုတွေနဲ့ MS PDF ၊မြေလတ် -PDF (MGN District) ၊TTA ပြောက်ကျားတပ်ဖွဲ့ ၊ Seven People Defence Force ၊ 27 Revolution Force တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့လဲ သိရပါတယ်။
Video-Seven People Defence Force