ၾကားသိသမွ်

KNU မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ထံ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာပေးပို့

မေ ၃၀၊ ၂၀၂၂

ဒီနေ့ မေ(၃၀) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ(၆) တည်ရှိရာ ဒူးပလာယာခရိုင်၊ တောင်ပိုင်းစစ်ဒေသတွင် KNU၊ KNLA၊ KNDO၊ PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့ထံသို့ မေ (၂၈) ရက်စွဲနဲ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

သဝဏ်လွှာမှာ မေ ၁၈ ရက်က နှစ်ပေါင်း ၃၀ စစ်တပ်က သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ရုံ တင်မက ရန်သူ့ဆီက လက်နက်မျိုးစုံ(၁၅)လက်၊ ကျည်မျိုးစုံ (၇၀၀၀)ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁၊ ဒီဇင်ဘာလ ၁၅ရက်မှာလည်း လေးကေကော်တိုက်ပွဲက စတင်ပြီး ခုခံတွန်းလှန်စစ်ကို ဆင်နွှဲလာရာ ယနေ့အထိ ရန်သူ့စခန်း(၃)ခုနှင့်ရန်သူ့လက်နက် အမြောက်အများကို လက်ရသိမ်းပိုက်နိုင်ခဲ့ ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွတ်ရွတ်ချွံချွံ ဆင်နွှဲနေတဲ့ KNU၊ KNLA၊ KNDO၊ PDF နဲ့ အခြားမဟာမိတ်အင်အားစုတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စစ်ရေး စွမ်းဆောင်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူး ဂုဏ်ပြုအပ် တယ် လို့ ရေးသားဖော်ပြပါတယ်။BVJ