ၾကားသိသမွ်

PDF များရှိသည့် ရှေ့တန်းစခန်းတစ်နေရာသို့ ယာယီသမ္မတသွားရောက်ကြည့်ရှု

ရန်ကုန်၊ မေ (၃၀)

လူငယ့်ခေတ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် ရှေ့တန်းစခန်းတစ်နေရာရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်သည်များကို မေလ (၂၄) ရက်နေ့က သွားရောက်ကြည့်ရှုကာ အားပေးစကားပြောခဲ့ကြောင်း ယနေ့ညနေပိုင်းတွင် သမ္မတက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။

သမ္မတသည် ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီများကိုဝတ်ဆင်ထားပြီး လက်နက်ကိုင်ထားသည့် PDF များနှင့် ဓာတ်ပုံအတူတွဲရိုက်ထားသည်ကို ဖော်ပြထားသည်။

သွားရောက်တွေ့ဆုံစဉ် သမ္မတက အသက်ခန္ဓာကိုပါ စတေးထားကြသည့် PDF စစ်သည်တော်များအပါအဝင် ခုခံတွန်းလှန်စစ်တွင် ပါဝင်နေကြသူအားလုံးကို သမိုင်းက ကောင်းစွာ မော်ကွန်းကဗ္ဗည်းတင်ပြီး ထို့သို့စတေးထားသည့်အတွက် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများကိုလည်း မုချရရှိမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် PDF သည် ပြည်သူ့အတွက် အားကိုးယုံကြည်ရာသာ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို မဆန့်ကျင်ရန်နှင့် စံပြတပ်မတော်တရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ပြည်သူနှင့်တသားတည်းရှိမှု၊ စည်းကမ်း‌ကောင်းမွန်မှု၊ အမိန့်နာခံမှု၊ စွမ်းရည်ပြည့်ဝမှုတို့သည် အရေးကြီးကြောင်းလည်း ပြောခဲ့သေးသည်။

PDF စစ်သည်ရဲဘော်များ၏ ဆွေးနွေးမှုများ၊ မေးခွန်းများကိုလည်း သမ္မတက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေး၊ ဖြေကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့နောက် ယာယီသမ္မတသည် PDF စစ်သည်တော်များ၏ စစ်ရေးလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်သည်တော်များ၏ အလေးပြုနှုတ်ဆက်မှုကို ခံယူပြီးနောက် စခန်းမှ ပြန်ထွက်ခွာသွားသည်ဟု ထုတ်ပြန်ထားသည်။