စစ်ကောင်စီကအညာဒေသများကိုနေ့စဉ်မီးရှို့ပြီး သွေးခွဲနေဟု NUGကာကွယ် ရေးဝန်ကြီးပြောကြား
မေ ၃၀၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြည်သူတွေစိတ်ပျက်လာအောင် စစ် ကောင်စီက အညာဒေသများကိုနေ့စဉ့်မီးရှို့ပြီး သွေးခွဲနေတာလို့ NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
“ပြည်သူ့နဲံ့ပြည်သူနဲ့တော်လှန်ရေးအင်အားစုတွေကို သေချာပေါက် သွေးခွဲမဲ့အလုပ်ကို စစ်ကောင်စီလုပ်နေ တယ်။ဒါကိုကသူတို့ရဲ့မဟာဗျူဟာဖြစ်တယ်။အညာမှာဆိုရင် ကျေးရွာတွေကိုနေ့စဥ်ရက်ဆက်ဆိုသလို စစ် ကောင်စီက မီးရှို့နေတယ်။ဒီလိုမီးရှို့ပြီးသူတို့ဘယ်လိုများတိုင်းပြည်ကိုအုပ်ချုပ်မလဲ။
ရွာတွေကိုသူတို့ဘာ ကြောင့် ဆက်တိုက်မီးရှို့နေသလဲ။(၁)အချက်က ကျေးရွာတွေအနေနဲ့ PDFတွေကိုမထောက်ပံ့ဖို့၊ ပြည်သူနဲ့ PDFတွေကိုအဆက်ဖြတ်ဖို့ ဒါသူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တယ်။ ဒုတိယအချက်က ရွာတွေမီးရှို့ခံရတယ်ဆိုရင် ပြည်သူတွေကNUGကိုဝိုင်းပြီးတော့မှ အပြစ်တင်လိမ့်မယ်။
စစ်ကောင်စီက ရွာတွေကိုမီးရှို့နေတာတောင်မှ NUG၊PDF၊ MODက ဟန့်တားနိုင်ခြင်းမရှိဘူးလားဆိုပြီး စိတ်ပျက်လာအောင်လုပ်နေတာက သူတို့ရဲ့အဓိက ရည်ရွယ်ချက်ဖြစ်တယ်လို့ ကျတော်တို့နားလည်တယ်။ပြောမယ်ဆိုရင် စစ်ကောင်စီရဲ့ထောင်ချောက်ပဲ ဒီ ထောင်ချောက်ထဲကိုရောက်နေတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေတောင်မှ ဒီဆိုရှယ်မီဒီယာတွေမှာတ ဖြည်းဖြည်းတိုးပွားလာတာကို ကျတော်တို့သတိပြုမိတယ်” လို့ မေ(၂၉)ရက်က အွန်လိုင်းကနေ ပြုလုပ်တဲ့ နွေဦးအောင်နိုင် ရေးခရီးစဉ်ဖွင့်ပွဲမှာ ဝန်ကြီးဦးရည်မွန်မှာပြောခဲ့တာပါ။
ဆက်လက်ပြီး “NUGကိုဘလိန်းနေတဲ့သူတွေ ဆိုရှယ်မီဒီယာပေါ်မှာ တနေ့တခြားများလာတယ်။စစ်ကောင်စီ ရဲ့ထောင်ချောက်ထဲကို တည့်တည့်မတ်မတ်တိုးဝင်သွားတဲ့သူတွေရှိနေတယ်ဆိုတာ။ မှန်ပါတယ် အခုချိန်မှာ NUGအနေနဲ့ MODအနေနဲ့ ဖွဲ့စည်းထားတဲ့စစ်ဒေသအနေနဲ့ ကျေးရွာတွေကို စစ်ကောင်စီမီးရှို့မယ့်အန္တရာယ် ကနေရှေ့မှာ ကာကွယ်နိုင်ခြင်းမပြုနိုင်ခဲ့ဘူးဆိုတာကျတော်တို့ ဝန်ခံရမယ့်ကိစ္စပါ။အဲ့တော့ အခုကျတော်တို့ ပြန်ပြီးသုံးသပ်နေတာရှိတယ်။ကျတော်တို့ ဝန်ကြီးဌာနနဲ့ အမှတ်(၁)စစ်ဒေသရဲ့တာဝန်ရှိသူတွေနဲ့ညှိနှိုင်းတိုင် ပင်နေတယ်။
အရေးကြီးတာက ကျတော်တို့ဘက်ကလည်းနည်းဗျူဟာပိုင်း ပြောင်းလဲကျင့်သုံးဖို့လိုအပ်လာ ပြီဖြစ်ပါတယ်။စစ်ရေးကိစ္စဖြစ်တဲ့အတွက် အသေးစိတ်တော့မပြောတော့ဘူး။ NUGအနေနဲ့ MODအနေနဲ့ ကိုယ့်ဒေသကိုယ်ကာကွယ်နိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဝန်ကြီးကပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းက ကျေးရွာတွေကို နေ့စဉ်ဆိုသလိုမီးရှို့ဖျက်စီးနေပြီး တချို့ကျေးရွာတွေကို နှစ်ကြိမ်၊သုံးကြိမ်တိုင် ထပ်မံမီးရှို့ဖျက်စီးမှုတွေပြုလုပ်နေတာကြောင့် အဲ့ဒီဒေသခံတွေ ဟာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။ BVJ
ပုံစာ-မီးရှို့ဖျက်စီးခံခဲ့ရသည့် မကွေးတိုင်း၊ ချောင်းဆုံရွာ