မကွေးမြို့ပေါ်မှာ တိုက်ခိုက်မှုကြောင့် လေတပ်က နှစ်ပွင့်ဗိုလ် သေဆုံး
မေ ၂၉၊ The Nation Voice
မကွေးတိုင်း မကွေးမြို့ပေါ်မှာ ပျောက်ကြားအဖွဲ့က တိုက်ခိုက်လို့ လေတပ်က (၂)ပွင့်ဗိုလ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေလ (၂၂)ရက် ညပိုင်းက အဝေရာလမ်းနဲ့ တောင်တွင်းကြီး လမ်းမကြီးထောင့်မှာရှိတဲ့ ဘန်ကာကို No Chair ပျောက်ကြားတပ်ဖွဲ့ (NCF-Magway)က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလေတပ်က (၂)ပွင့်ဗိုလ် တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် NCG-Magway ရဲဘော်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်နဲ့ ဆက်စပ်နေတဲ့လုပ်ငန်း၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုတွေကို တိုက်ခိုက်သွားမယ်လို့ NCG-Magwayက ထုတ်ပြန်ထားပြီး ခုလိုလုပ်ဆောင်တာဟာ မီတာခကောက်ခံတာ၊ မီတာခပေးဆောင်တာ တွေလုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့လုပ်ဆောင်တာလို့ သိရပါတယ်။