ၾကားသိသမွ်

အလုပ်လက်မဲ့ အထည်ချုပ်အမျိုးသမီးများအား ကိုယ်ပိုင်အသေးစားလုပ်ငန်း ထူထောင်နိုင်ရန် သင်တန်းပေးမည်

ရန်ကုန်၊ မေ ၂၉

လူငယ့်ခေတ်

အထည်ချုပ်စက်ရုံတွင် လုပ်ခဲ့ဖူးပြီး လက်ရှိအလုပ်လက်မဲ့ဖြစ်နေသည့် အမျိုးသမီ းများအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အစီအစဥ်ဖြင့် လုပ်ငန်းခွင်၌အသုံးဝင်မည့် အွန်လိုင်းသင်တန်းပေးသွားရန်ရှိ ကြောင်း ယင်းအစီစဥ်တွင် ပူးပေါင်းလုပ်ဆောင်မည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) မှ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက လူငယ့်ခေတ်သို့ ပြော သည်။

အထည်ချုပ်စက်ရုံတွင် ပြန်လည်အလုပ်ဝင်သည့်အခါ သို့မဟုတ် မိမိကိုယ်ပိုင် အသေးစားလုပ်ငန်းတည်ထောင် ရန် စိတ်ဝင်စားသူများအတွက် အဓိကအရည် အချင်းဖြစ်သည့် ပြောဆိုဆက်ဆံမှု၊ စိတ်ခံစားချက်များကို ကိုင်တွယ် ဖြေရှင်းမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ အရည် အချင်း စသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိမိကိုယ်ပိုင် အသေးစားလုပ်ငန်း ထူထောင်နိုင်ရန် အကြောင်းအရာတို့ကိုလည်း လေ့လာသင်ယူနိုင်မည် ဖြစ်ကာ သင်တန်းပြီးဆုံးပါ ထောက်ပံ့ငွေအနည်းငယ်ရရှိမည်ဟုလည်း ယင်းအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

“ILOရဲ့ ပရောဂျက်ပါ။ ကျွန်မတို့ကကူပေးတာ။ ကနဦး စမ်းသပ်ကာလမှာ ကျွန်မတို့က သင်တန်းသား ၃၀ တာဝန် ယူ ကူပေးရမှာ”ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။

အဆိုပါ ILO သင်တန်းအစီအစဥ်မှာ စီမံချက်ကာလ ၆ လဖြစ်ပြီး အမျိုးသမီး ဦဦးရေ ၁၀၀၀ ကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံသင်တန်းအတွက် တစ်သုတ်လျင် လေးပတ်၊ တစ်ပတ်လျင် လေးရက်နှင့် တစ်ရက်လျင် တစ်နာရီခွဲဖြစ်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်သော သင်တန်းအ တွက် အချိန်လေးပတ်၊ တစ်ပတ်လျင် ၆ ရက်၊ တစ်ရက်လျင် ၂ နာရီ ဖြစ် ကြောင်း သိရသည်။

မေလ ၃၀ မှ ဇွန်လ ၅ ရက်အထိ သင်တန်းတက်ရောက်ရန် လျှောက်ထားသူများအား စီစစ်သွားမည်ဖြစ်ကာ ပထမအသုတ် သင်တန်းဖွင့်မည်ဟု ဒေါ်မျိုးမျိုးအေးကဆိုသည်။

ယင်းပထမအသုတ်တွင် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်၌ လက်ရှိနေထိုင်သူများသာ လျှောက်ထားရန်လည်း သတ်မှတ်ထားသည်။