ဝက်လက်အနောက်ခြမ်းဘက် စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို ရှေ့ထွက်မိုင်း ၁၀၀ နဲ့ကြိုဆိုမယ်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းဘက် စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ရှေ့ထွက်မိုင်း ၁၀၀ စီမံကိန်းနဲ့ ကြိုဆိုမယ်လို့ ဝက်လက်မြို့နယ်ကာကွယ်ရေးတပ်ပေါင်းစုက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ ဝက်လက်အနောက်ခြမ်းဘက်ကို စစ်ကြောင်းထိုးနေကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
‘မနက်ကတည်းက ပွဲကြမ်းနေတယ်။ ဒီဘက်ကလည်း မျက်နှာချင်းဆိုင်တိုက်ဖို့ ခေတ်မီလက်နက်နည်းလို့ မတိုက်နိုင်ပေမဲ့ ပြောက်ကျားနည်းနဲ့ရသလောက် ဖြတ်တိုက်ကြမှာပဲ’လို့ ဝက်လက်မြို့အမှတ် (၁) ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။
ဝက်လက်အနောက်ခြမ်း လှတောနဲ့ရွာသာကြီးကြား ရွှေဘို-မန္တလေးကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ PDF တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ရွှေဘို-ဝက်လက်-အုန်းတောလမ်းကို ဒီနေ့ လုံးဝမသုံးကြဖို့ ဝက်လက်မြို့နယ် ကာကွယ်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။DNA