ၾကားသိသမွ်

မန္တလေးမြို့တွင် စစ်ကောင်စီ သတင်းပေး ဒလန်နှစ်ဦး အရက်ဝယ်နေစဥ် အ သ -တ် ခံရ

မန္တလေးမြို့တွင် စစ်ကောင်စီ သတင်းပေး နှစ်ဦး အရက်ဝယ်နေစဥ် အသတ်ခံရ

မန္တလေး၊ မေ ၂၈

လူငယ့်ခေတ်

မန္တလေးမြို့၊ မ‌ဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်း အရက်ဆိုင်တစ်ခုတွင်အရက်ဝယ်ယူနေသူ စစ်ကောင်စီသတင်းပေးဒလန်နှစ်ဦးသေနတ်နှင့်ပစ်သတ် ခံခဲ့ရကြောင်းသိရသည်။

ယနေ့ညနေ ၅နာရီခန့်ကစိန်ပန်း၊ စာတိုက် တန်း ရပ်ကွက်ရှိ (၉၁) လမ်း၊ (၃၈) လမ်းနှင့် (၃၉) လမ်းအနီးရှိအရက်ဆိုင်တစ်ဆိုင် တွင် အရက်ဝယ်နေသူ စိန်ပန်းရပ်ကွက် ကြီးနေ ကိုရန်နိုင်ကျော်(ခ) ထော့ကျိုးနှင့် ၎င်း၏မိတ်ဆွေကို‌အောင်ကျော်မိုးဆိုသူနှစ်ဦးပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

“နာမည်ကြီးဒလန်တွေပဲ။သူတို့သေပြီး စစ်တပ်ကသေနတ်နဲ့ရမ်းပစ်သေးတယ်။ဒလန်နှစ်ယောက်ကတော့သေပြီလို့ကြားတယ် “ဟု ဒေသခံတစ်ဦးကဆိုသည်။

၎င်းဒလန်နှစ်ဦး အသတ်ခံရချိန်သည် စစ်တပ်က မန္တလေးမြို့ရပ်ကွက်တချို့ကိုပိတ်ဆို့စစ်ဆေးနေချိန်ဖြစ်ပြီး စိန်ပန်းရပ်ကွက်၏အရှေ့ဘက်ရပ်ကွက်တစ်ခုတွင် စစ်ကားများရပ်ထားချိန် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

မန္တလေးမြို့၊စိန်ပန်းရပ်ကွက်သည် စစ် ကောင်စီဒလန်များပြားပြီး စစ်အုပ်စုက
ဒလန်အကူအညီဖြင့် ရပ်ကွက်နေပြည်သူများကို အပြင်းအထန်ဖိနှိပ်ခဲ့သည့် ရပ်ကွက်ဖြစ်သည်။ အဆိုပါရပ်ကွက်တွင် ေဖဖော်ဝါရီလမှ မေလအတွင်းစစ်တပ် ၏မတရားဖမ်းဆီးခြင်းခံထားရသူဦးရေ ၂၀၀နှင့် အထက်ရှိကြောင်း ပြည်သူများထံကသိရသည်။