စစ်ကျွန်ပညာရေးယန္တရားမှာ မပါဝင်ခဲ့တဲ့ CDM ကျောင်းသားတွေနဲ့ မိဘတွေကို ကျေးဇူးတင်ရှိတယ်လို့ ပညာရေးအဖွဲ့ တွေစုပြီး သဘောထားထုတ်ပြန်
မေ ၂၈ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီက ဖော်ဆောင်နေတဲ့ စစ်ကျွန်ပညာရေးယန္တရားမှာ မပါဝင်ခဲ့တဲ့ CDM ကျောင်းသားတွေနဲ့ မိဘ တွေကို ကျေးဇူးတင်ရှိတယ်ဆိုပြီးတော့ ပညာရေးအဖွဲ့စုပေါင်းပြီး မေ ၂၇ ရက်စွဲနဲ့ သဘောထားကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။
သဘောထားကြေညာချက်ကို သဘောထားထုတ်ပြန်ချက်ကို ပညာရေးအင်အားစုတွေဖြစ်တဲ့ Spring University Myanmar – SUM ၊ Oak Awe Institute ၊ Yadanabon University Mandalay MM ၊ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ ၊ Interim University Council of University of Medicine, Mandalay တို့ စုပေါင်းထုတ်ပြန်လိုက်တာပါ။
အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးပြီး အကြမ်းဖက်အာဏာသိမ်းယူမှုကို အကြိမ်ကြိမ်ကျူးလွန်တဲ့အခါတိုင်း စစ်ကျွန်မခံလိုတဲ့ ကျောင်း သားပြည်သူလူထုရဲ့ တော်လှန်မှုကို ယခုအကြိမ်ထိ ခံစားနေရဆဲပင် ဖြစ်တယ်လို့ ဖော်ပြထားထား တဲ့အပြင် စစ်အာဏာရှင်
အဆက်ဆက်က ၎င်းတို့မတရားအုပ်ချုပ်တဲ့ ကာလတိုင်းမှာ ပညာရေးစနစ်ကို စနစ်တကျ ဖျက်ဆီးကာ ပညာတတ်မရှိတဲ့ စစ်အုပ်စုအလိုကျ ကျွန်နိုင်ငံတစ်ခုဖြစ်ရန် အမြဲကြိုးစားပုံဖော်ခဲ့ကြတယ်လို့ ဖော်ပြထားပါ တယ်။
ရွေးကောက်ခံအစိုးရကို မတရားအာဏာသိမ်းတဲ့အချိန်ကစပြီး စစ်အု ပ်ချုပ်မှုကိုလက်မခံလိုတဲ့ နိုင်ငံ့ ဝန်ထမ်းကောင်းတွေက Civil Disobedience Movement (CDM) လှုပ်ရှားမှုကို စတင်ခဲ့ကြပြီး စတင်တဲ့ အချိန်ကတည်းက ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေ အင်ပြည့်အားပြည့် ပါဝင်ခဲ့ကြပြီး CDM ပညာရေးရဲ့အားက စစ်တပ်ကို အရှိုက်ထိုးနှက်လိုက်တာလို့ ဆို ထားပါတယ်။
ကျောင်းသားတွေအနေနဲ့ ၂ နှစ်ကျော်ကြာ ပညာရေးပြတ်လတ်မှုကို နား လည်တယ်လို့ ဆိုထားပြီး အသက်ပေးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ၊ အကျဉ်းကျခံ ကျောင်းသားလူငယ်တွေ၊ CDM ဆရာဆရာမတွေ၊ စစ်ဘေးသင့် ကျောင်းသားပြည် သူတွေအပေါ်မှာ စာနာစိတ်ရှိရှိ” နဲ့ CDM လှု ပ်ရှားမှုမှာ ဆက်လက်ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဒါအပြင်လက်ရှိ စစ်ကျွန်ပညာရေးယန္တရားမှာ ပါဝင်ရန်ဆန္ဒမရှိတဲ့ CDM ကျောင်းသားထုနဲပ ကျောင်းသားမိဘတွေကို ကပညာရေးအင်အားစုတွေက အထူးကျေးဇူးတင်ရှိတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။PVTV
စစ်ကျွန်ပညာရေးယန္တရားမှာ မပါဝင်ခဲ့တဲ့ CDM ကျောင်းသားတွေနဲ့ မိဘတွေကို ကျေးဇူးတင်ရှိတယ်လို့ ပညာရေးအဖွဲ့ တွေစုပြီး သဘောထားထုတ်ပြန်
မေ ၂၈ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီက ဖော်ဆောင်နေတဲ့ စစ်ကျွန်ပညာရေးယန္တရားမှာ မပါဝင်ခဲ့တဲ့ CDM ကျောင်းသားတွေနဲ့ မိဘ တွေကို ကျေးဇူးတင်ရှိတယ်ဆိုပြီးတော့ ပညာရေးအဖွဲ့စုပေါင်းပြီး မေ ၂၇ ရက်စွဲနဲ့ သဘောထားကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။
သဘောထားကြေညာချက်ကို သဘောထားထုတ်ပြန်ချက်ကို ပညာရေးအင်အားစုတွေဖြစ်တဲ့ Spring University Myanmar – SUM ၊ Oak Awe Institute ၊ Yadanabon University Mandalay MM ၊ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ ၊ Interim University Council of University of Medicine, Mandalay တို့ စုပေါင်းထုတ်ပြန်လိုက်တာပါ။
အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးပြီး အကြမ်းဖက်အာဏာသိမ်းယူမှုကို အကြိမ်ကြိမ်ကျူးလွန်တဲ့အခါတိုင်း စစ်ကျွန်မခံလိုတဲ့ ကျောင်း သားပြည်သူလူထုရဲ့ တော်လှန်မှုကို ယခုအကြိမ်ထိ ခံစားနေရဆဲပင် ဖြစ်တယ်လို့ ဖော်ပြထားထား တဲ့အပြင် စစ်အာဏာရှင်အဆက်ဆက်က ၎င်းတို့မတရားအုပ်ချုပ်တဲ့ ကာလတိုင်းမှာ ပညာရေးစနစ်ကို စနစ်တကျ ဖျက်ဆီးကာ ပညာတတ်မရှိတဲ့ စစ်အုပ်စုအလိုကျ ကျွန်နိုင်ငံတစ်ခုဖြစ်ရန် အမြဲကြိုးစားပုံဖော်ခဲ့ကြတယ်လို့ ဖော်ပြထားပါ တယ်။