ၾကားသိသမွ်

ဗြိတိန် အာရှရေးရာ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ လန်ဒန် နိုင်ငံခြားရေးရုံး၌ တွေ့ဆုံ

ဗြိတိန် အာရှရေးရာ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ လန်ဒန် နိုင်ငံခြားရေးရုံး၌ တွေ့ဆုံ

▪️NUGကို အားပေးထောက်ခံကြောင်း ဗြိတိန်ဝန်ကြီးပြော

▪️NUG၏ နိုင်ငံတကာဆက်ဆံရေး တဆင့်ပြီးတဆင့်တက်လာဟုဆို

လီလီယန်/People’s Spring

ဗြိတိန်နိုင်ငံခြားရေး၊ အာရှနှင့် အရှေ့အလယ်ပိုင်းဝန်ကြီး အမန်ဒါမီလ်လင်းသည် NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် လန်ဒန်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ယမန်နေ့တွင် လက်ခံတွေ့ဆုံ သည်။

“ဒေါက်တာဇော်ဝေစိုးကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရလို့ ဝမ်းသာပါတယ်။ ကျွန်မရဲ့ သတင်းစကားက ရှင်းပါတယ်။ ကျွန်မတို့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်နေတယ်ဆိုတာပါပဲ”ဟု ဗြိတိန်ဝန်ကြီး အမန်ဒါမီလ်လင်းက ၎င်း၏ တွစ်တာမှ အသိပေးသည်။


ဗြိတိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုသူအားလုံးနှင့်လည်း တသားတည်းရပ်တည်ကြောင်း အထက်ဗြိတိန်ဝန်ကြီးက ဆိုသည်။

မေလ ဒုတိယပတ်တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ အမေရိကန်၊ ဝါရှင်တန်ခရီးစဥ်အပြီး ဒေါက်တာဇော်ဝေစိုးက ဗြိတိန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းသို့ NUG ၏ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ တဆင့်ပြီး တဆင့်တိုးမြှင့်ဖွင့်လှစ်နေပြီဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“နိုင်ငံတကာ သံတမန်စာမျက်နှာတွေကို ထိုးဖောက်တဲ့ရည်ရွယ်ချက်ကတော့ ရက်စက်ယုတ်မာလှတဲ့ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးဖယ်ရှားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်နိုင်ရေးနဲ့ နွေဦးတော်လှန်ရေးကာလမှာ နည်းမျိုးစုံနဲ့ ပါဝင်နေကြတဲ့ သူရဲကောင်းတွေရဲ့ လှုပ်ရှားမှုတိုက်ပွဲတွေကို အားပေး ထောက်ပံ့နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

သို့သော် နိုင်ငံတကာသံတမန်ရေးသည် အားဖြည့်ဆေးသာဖြစ်ပြီး ကိုယ်တိုင် ကိုယ်ခံအားကောင်းရန်မှာ ပြည်သူလူထု လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းသည်။

“ပြည်သူတွေရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့ ယုံကြည်တယ် ၊ ပြည်သူတွေရဲ့ လှုပ်ရှားမှုကို ပံ့ပိုးနိုင်ဖို့အတွက် အဓိက ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
Photo – Amanda Milling/Twitter

ၿဗိတိန္ အာရွေရးရာ နိုင္ငံျခားေရးဝန္ႀကီးႏွင့္ NUG ဝန္ႀကီးေဒါက္တာေဇာ္ေဝစိုးတို႔ လန္ဒန္ နိုင္ငံျခားေရး႐ုံး၌ ေတြ႕ဆုံ

▪️NUGကို အားေပးေထာက္ခံေၾကာင္း ၿဗိတိန္ဝန္ႀကီးေျပာ
▪️NUG၏ နိုင္ငံတကာဆက္ဆံေရး တဆင့္ၿပီးတဆင့္တက္လာဟုဆို

လီလီယန္/People’s Spring

ၿဗိတိန္နိုင္ငံျခားေရး၊ အာရွႏွင့္ အေရွ႕အလယ္ပိုင္းဝန္ႀကီး အမန္ဒါမီလ္လင္းသည္ NUG က်န္းမာေရးႏွင့္ ပညာေရးဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးသည္ လန္ဒန္ရွိ နိုင္ငံျခား ေရးဝန္ႀကီးဌာန၌ ယမန္ေန႔တြင္ လက္ခံေတြ႕ဆုံ သည္။

“ေဒါက္တာေဇာ္ေဝစိုးကို ပထမဆုံးအႀကိမ္ေတြ႕ဆုံခြင့္ရလို႔ ဝမ္းသာပါတယ္။ ကၽြန္မရဲ့ သတင္းစကားက ရွင္းပါတယ္။ ကၽြန္မတို႔ ျမန္မာျပည္သူေတြနဲ႔ အတူ ရပ္တည္ေနတယ္ဆိုတာပါပဲ”ဟု ၿဗိတိန္ဝန္ႀကီး အမန္ဒါမီလ္လင္းက ၎၏ တြစ္တာမွ အသိေပးသည္။

ၿဗိတိန္သည္ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)ကို ေထာက္ခံအားေပးၿပီး ျမန္မာနိုင္ငံ ဒီမိုကေရစီျပန္လည္ရရွိေရးအတြက္ ေတာင္းဆိုသူအားလုံးႏွင့္လည္း တသားတည္းရပ္တည္ေၾကာင္း အထက္ၿဗိတိန္ဝန္ႀကီးက ဆိုသည္။

ေမလ ဒုတိယပတ္တြင္ NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္၏ အေမရိကန္၊ ဝါရွင္တန္ခရီးစဥ္အၿပီး ေဒါက္တာေဇာ္ေဝစိုးက ၿဗိတိန္သို႔ ေရာက္ရွိေနျခင္းျဖစ္သည္။

ယင္းသို႔ NUG ၏ သံတမန္ဆက္ဆံေရးႏွင့္ ပတ္သက္၍ တဆင့္ၿပီး တဆင့္တိုးျမႇင့္ဖြင့္လွစ္ေနၿပီျဖစ္ေၾကာင္း NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ေျပာသည္။

“နိုင္ငံတကာ သံတမန္စာမ်က္ႏွာေတြကို ထိုးေဖာက္တဲ့ရည္ရြယ္ခ်က္ကေတာ့ ရက္စက္ယုတ္မာလွတဲ့ စစ္အာဏာရွင္စနစ္ကို အျမန္ဆုံးဖယ္ရွားၿပီး အနာဂတ္ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို ထူေထာင္နိုင္ေရးနဲ႔ ေႏြဦးေတာ္လွန္ေရးကာလမွာ နည္းမ်ိဳးစုံနဲ႔ ပါဝင္ေနၾကတဲ့ သူရဲေကာင္းေတြရဲ့ လႈပ္ရွားမႈတိုက္ပြဲေတြကို အားေပး ေထာက္ပံ့နိုင္ဖို႔အတြက္ ျဖစ္ပါတယ္” ဟု ဦးေအာင္မ်ိဳးမင္းက ၎၏ လူမႈကြန္ရက္တြင္ ေရးသားထားသည္။

သို႔ေသာ္ နိုင္ငံတကာသံတမန္ေရးသည္ အားျဖည့္ေဆးသာျဖစ္ၿပီး ကိုယ္တိုင္ ကိုယ္ခံအားေကာင္းရန္မွာ ျပည္သူလူထု လက္ရွိဆင္ႏႊဲေနေသာ ေတာ္လွန္ေရးကို ဆက္လက္လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက တိုက္တြန္းသည္။

“ျပည္သူေတြရဲ့လႈပ္ရွားမႈကို ကၽြန္ေတာ္တို႔ ယုံၾကည္တယ္ ၊ ျပည္သူေတြရဲ့ လႈပ္ရွားမႈကို ပံ့ပိုးနိုင္ဖို႔အတြက္ အဓိက ဆက္လက္ ႀကိဳးပမ္းလုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္” ဟု ၎က ဆိုသည္။
Photo – Amanda Milling/Twitter