ဝါးခယ်မမြို့နယ်က စစ်ကောင်စီခန့်ရာအိမ်မှူး မိုးကြိုးပစ်ခံရပြီးသေဆုံး
ကျော်လင်း/ ဧရာဝတီတိုင်းမ်
ဝါးခယ်မ ၊ မေလ ၂၇ ရက်
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာမှာ မေလ ၂၅ ရက် ညနေပိုင်းက စစ်ကောင်စီခန့်ရာအိမ်မှူးတဦးမိုးကြိုး ပစ်ခံရပြီး သေဆုံးသွားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ကနစိုးကုန်းကျေးရွာမှ ရာအိမ်မှူး ကိုနဂါးလေး (အဖ) မန်းမောင်ထွန်းကြိုင် မှာ လယ်ထဲမှာအလုပ်ပြီးလို့အိမ်ပြန်လာစဥ် မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတာ ဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၂၉ နှစ်သာရှိသေးတယ်လို့ဆိုပါတယ်။
” ရာအိမ်မှူးကိုနဂါးလေးကလယ်ထဲကနေရွာကို မိုးရွာ နေတုန်းပြန်လာတဲ့အချိန် မိုးကြိုးအပစ်ခံရတာ။လူတွေက သိလို့သွားကြည့်ကြတော့ သူကသေနေပါပြီ။ မီးလောင်ခံရသလိုဒဏ်ရာတွေတော့တွေ့ပါတယ် ” လို့ မိသားစုနဲ့ နီး စပ်သူတဦးကဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းလို့နေအိမ်ပြိုကျ ပျက်ဆီးတာတွေအပြင် အခုလိုမိုး ကြိုးပစ်ခတ်လို့ လူသေဆုံးတာတွေဖြစ်ပေါ်နေတာပါ။
မေလ ၂၄ ရက် တရက်ထဲမှာတင် စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတခုက ပျူစောထီးတဦးနဲ့ ရမည်းသင်းမြို့နယ်ထဲက ငရုတ်စိုက်တောင်သူ ၅ ဦး မိုးကြိုးပစ်ခံရလို့သေ ဆုံးခဲ့ပါသေးတယ်။ ဓာတ်ပုံ – ဘက်စုံစုပေါင်းကွန်ရက်(ဝါးခယ်မမြို့)