” ပြည်သူတွေဟာ တရားသူကြီးဆိုရင် အနာဂတ်ကို ဘယ်လိုစီရင်ချက်ချမလဲ ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေက တရားခွင်ဟန်ဆောင်ပြီး မတရားသဖြင့် ပြန်ပေးဆွဲခံထားရတဲ့ ကိစ္စကို ကုလသမဂ္ဂမှာ ဗုဒ္ဓဟူးနေ့က တိုင်ကြားလိုက်ပါတယ် ။ ရှေ့နေတွေနဲ့တိုင်ပင်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ် ။
လူ့အခွင့်အရေးရှေ့နေ Francois Zimeray နဲ့ Jessica Flnelle တို့က မတရားဖမ်းဆီးခံထားရတဲ့ သူမကိုယ်စား ကုလသမဂ္ဂထံ တိုင်ကြားခဲ့တာပါ ။
” ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ တရားမဝင်ပါဘူး ။ ထိန်းသိမ်းတယ်ဆိုတာဟာ ဥပဒေအရအခြေအမြစ် မရှိပါဘူး ။ ”
” ဒါဟာ တရားခွင်ဟန်ဆောင်ထားတဲ့ ပြန်ပေးဆွဲမှု့ပါ ။ တရားမျှတမှု့ကို ဖီဆန်ပြီး စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု့ပါ ။ မြန်မာနိုင်ငံအတွက် ကြေကွဲဖွယ်ကောင်းပါတယ် ။ မြန်မာပြည်သူတွေကို နှုတ်ဆိတ်အောင် အကြမ်းဖက်ပြနေတာဟာ ဒီမိုကရေစီ ကြေမွမှု့ပါ ။ ”
” သူမဟာ နေပြည်တော်နယ်မြေအတွင်းက အတိအကျမသိရတဲ့ နေရာတစ်ခုမှာ ရှိနေပြီး ၊ တရားရုံးကို ခေါ်ဆောင်လာမှသာ တွေ့မြင်ရပါတယ် ။ ရှေ့နေတွေနဲ့ တွေ့ဆုံမှု့ဟာ ကန့်သတ်ချက်များစွာနဲ့ အယောင်ပြရုံသက်သက်ပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လပ်မှု့ကို ဆုံးရှုံးခံနေရတဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို စိတ်ဒဏ်ရာရအောင် ချုပ်နှောင်ထားတာကို ဘယ်သူကမှ အတိအကျမသိနိုင်ပါဘူး ။ ဒါဟာ ပြန်ပေးဆွဲထားတာပါ ။ ”
လို့ ရှေ့နေနှစ်ဦးက ပြောကြားထားပါတယ် ။
သုံးသပ်ရရင်တော့ ၊ အမှန်ပါဘဲ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြန်ပေးဆွဲခံထားရတာပါ ။ နိုင်ငံတကာအမြင်မှာ တရားဝင်အောင် ရုံးထုတ်တဲ့အခါမှသာ တွေ့မြင်ရပါတယ် ။ ဘယ်မှာထားတယ်ဆိုတာ အတိအကျမသိပါဘူး ။ တရားရုံးကို ရောက်လာတဲ့အခါမှာလည်း အကန့်အသတ်တွေ များစွာရှိပါတယ် ။ ဘာတွေကျွေးသလဲ ။ ဘယ်လို နှိပ်စက်နေသလဲ ဆိုတာလည်း ဘယ်သူမှ မပြောနိုင်ပါဘူး ။
ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့
” ထမင်းအစစ်ကလေး စားချင်တယ် ”
ဆိုတာကရော ဘယ်လို အဓိပ္ဗာယ်ဖွင့်ကြမလဲ ။
ဆိုရရင် …၊ မိသားစုနဲ့ လူ့အခွင့်အရေးရှေ့နေတွေက ကုလသမဂ္ဂကို တိုင်ကြားနေပါပြီ ။
ပြည်တွင်းမှာတော့ ” ငါတို့မေမေ ” လို့ အော်ခဲ့ကြသူတွေ ခရီးတွေထွက်ကြ ၊ ဘုရားတွေဖူးကြ ၊ ကျောင်းတွေအပ်ကြ ၊ လက်ဝတ်ရတနာတွေ ထုတ်ကြွားကြ ၊ ရွှေစျေး ဒေါ်လာစျေးတွေ ပြောကြနဲ့ စိတ်ဒဏ်ရာရအောင် ညှဉ်းပန်းခံနေရတဲ့ အမေအိုကြီးကို အားနာရကောင်းမှန်း မသိကြတော့တာ သိပ်ကို ရင်နာစရာကောင်းပါတယ် ။
စာရေးသူက ပြည်ပကနေ တိုင်းပြည်အတွက် မနေနိုင်လို့ စီးပွားရေး ၊ လူမှု့ရေး ၊ မိသားစုအရေးတွေ အထိခိုက်ခံပြီး သတင်းတွေ အသိပေးနေပေမဲ့ ပြည်တွင်းမှာတော့ အမေအိုကြီးကို
” ငါ့အမေဆိုရင် ငါ ဘယ်လိုခံစားရမလဲ ”
ဆိုတဲ့အတွေးမျိုး ပျောက်ကွယ်နေကြသလိုပါပဲ ။ နာရေးအိမ်မှာ လက်ဝတ်လက်စားနဲ့ အဝတ်အစားတွေ ထုတ်ကြွားနေကြတာဟာ မြန်မာပြည်မှာပါ ။
အမေစုကတော့ ဒီတိုင်းပြည်အတွက် ဘဝနဲ့ရင်းခဲ့ပါတယ် ။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ မိတ်ဆွေတို့ လက်ထဲမှာပါ ။ မိတ်ဆွေတို့ဟာ ဒီတိုင်းပြည်ရဲ့ တရားသူကြီးတွေပါ ။
” ကြိုက်သလို စီရင်ချက်ချနိုင်ပါတယ် ။ ”
ဘကြီးအောင် LA
26 May, 2022